အီကာဒီအတွက် နာပိုလီအသင်း ကြိုးပမ်းမှု အရှိန်မြှင့်လာပြီး ဒီဘားလားကို အရခေါ်ယူပေးရန် ကွန်တီ တောင်းဆို

အီကာဒီအတွက် နာပိုလီအသင်း ကြိုးပမ်းမှု အရှိန်မြှင့်လာပြီး ဒီဘားလားကို အရခေါ်ယူပေးရန် ကွန်တီ တောင်းဆို
Photos : Gettyimages
Photos : Gettyimages
Published 19 August 2019

နာပိုလီအသင်းသည် အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီကို ခေါ်ယူရန်အတွက် အရှိန်မြှင့်ကြိုးပမ်းလာချိန်တွင် အင်တာမီလန်အသင်းနည်းပြ ကွန်တီက အသင်းတိုက်စစ်ပိုင်းအားဖြည့်ရန်အတွက် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလားကို အရခေါ်ယူပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အီကာဒီသည် အင်တာမီလန်အသင်းနည်းပြ ကွန်တီ၏ အနာဂတ်အစီအစဉ်များတွင် မပါဝင်တော့ကြောင်း အသိပေးခံထား ရသူဖြစ်ပြီး အင်တာမီလန်အသင်းဘက်မှ ၎င်းကို ရောင်းထုတ်ရန်စီစဉ်နေသော်လည်း အီကာဒီသည် ရိုးမားနှင့် နာပိုလီအသင်းများ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ ဂျူဗင်တပ်စ်အသင်းသို့သာ ပြောင်းရွှေ့ရန်ဆန္ဒရှိနေသည်။

ယခုအခါ နာပိုလီအသင်းသည် အီကာဒီအတွက် ကမ်းလှမ်းမှုကို အရှိန်မြှင့်လာခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀)နှင့် အသင်းတိုက်စစ်မှူး မီလစ်ခ်ကို အလိုက်ပေးကမ်းလှမ်းခဲ့သည်။

အီကာဒီသည် မူလက နာပိုလီအသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သော်လည်း လက်ရှိအခြေအနေများအရ နာပိုလီအသင်းသည် အီကာဒီအတွက် အသင့်တော်ဆုံး ဖြစ်သဖြင့် စဉ်းစားသင့်ကြောင်းအီတလီမီဒီယာများက သုံးသပ်ခဲ့သည်။

အကယ်၍ အင်တာမီလန်အသင်းမှ အီကာဒီထွက်ခွာသွားပါက တိုက်စစ်ပိုင်းအားနည်းချက်များရှိလာနိုင်သဖြင့် ကွန်တီသည် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားကို အရခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

 

Most Read

Most Recent