နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးတစ်ရပ် ကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးတစ်ရပ် ကျင်းပ
Published 22 June 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၏ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းစည်းအဝေးပွဲကို ယနေ့ (ဇွန် ၂၂ ရက်) ညနေပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းဝေးပွဲများ ကျင်းပရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ The Athenee ဟိုတယ်တွင် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲခန့်က ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မျက်နှာစုံညီ အစည်းအဝေးပွဲသို့ အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပဲပြီးနောက်တွင် အာဆီယံ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ပြုလုပ်လျက်ရှိပြီး ယနေ့ (ဇွန် ၂၂ ရက်) နှင့် ဇွန် ၂၃ ရက်များတွင် ခေါင်းဆောင်များ၏ အဓိက ဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိသည်။

Most Read

Most Recent