နောက်ရာသီအတွက် မန်စီးတီးအသင်းကို ဆာလာ စိန်ခေါ်

နောက်ရာသီအတွက် မန်စီးတီးအသင်းကို ဆာလာ စိန်ခေါ်
Photos: Getty Images
Photos: Getty Images
Published 15 May 2019

 

လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်မှူး ဆာလာက လာမည့်ရာသီတွင် မန်စီးတီးအသင်း လက်ထဲမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

Sky Sports ရုပ်သံနှင့် တွေ့ဆုံရာ၌ ဆာလာက " ကျွန်တော်တို့ ဒီရာသီမှာ အစွမ်းရှိသလောက် ကြိုးစားကစားခဲ့ပါတယ်။ ကျွန်တော်တို့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲတစ်ပွဲပဲ ရှိခဲ့ပြီး ရမှတ်(၉၇)မှတ်အထိ ရယူနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ချန်ပီယံအဖြစ် ဗိုလ်စွဲသွားခဲ့တဲ့ မန်စီးတီးအသင်းကိုတော့ ကျွန်တော်တို့ ချီးကျူးပါတယ်။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ကျွန်တော်တို့ ဆက်ပြီးတိုက်ပွဲဝင်ဦးမယ်ဆိုတာ အသိပေးချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent