ဟာဇက်၏ဆန္ဒကို ချယ်လ်ဆီးအသင်း လေးစားရမည်ဟု လမ်းပတ် ပြောကြား

ဟာဇက်၏ဆန္ဒကို ချယ်လ်ဆီးအသင်း လေးစားရမည်ဟု လမ်းပတ် ပြောကြား
Published 15 May 2019

ဒါဘီအသင်းတွင် နည်းပြအဖြစ်ဆောင်ရွက်နေသည့် ချယ်လ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်က ချယ်လ်ဆီးအသင်းအနေဖြင့် ဟာဇက်၏ ဆန္ဒကိုလေးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒါဘီအသင်းတွင် နည်းပြအဖြစ်ဆောင်ရွက်နေသည့် ချယ်လ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်က ချယ်လ်ဆီးအသင်းအနေဖြင့် ဟာဇက်၏ ဆန္ဒကိုလေးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်သည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်ဟု မီဒီယာများက ဖော်ပြနေကြပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်သတင်းစာ L'Equipe က ယူရိုပါလိဂ်ပြိုင်ပွဲအပြီးတွင် ဟာဇက်အားခေါ်ယူနိုင်ပြီဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းကြေညာမည်ဟု ဖော်ပြခဲ့သည်။

ထို့ပြင် ဟာဇက်ကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားလိုသည်ဟု ဝန်ခံထားသလို၊ ချယ်လ်ဆီးနည်းပြ ဆာရီကလည်း ဟာဇက်ကို တားဆီးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။

လမ်းပတ်က ချယ်လ်ဆီးအသင်းအနေဖြင့် ဟာဇက်ကို ဆုံးရှုံးခဲ့ရပါက နစ်နာမည်ဖြစ်သော်လည်း ကစားသမား၏ ဆန္ဒကိုအလေးထားသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

လမ်းပတ်က '' ချယ်လ်ဆီးအသင်းမှာ (၇)နှစ်ကြာ ကစားခဲ့တဲ့ ဟာဇက်ရဲ့ခြေစွမ်းကို အကဲဖြတ်မယ်ဆိုရင် သူဟာ အသင်းရဲ့သမိုင်းမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ကွင်းအတွင်းမှာ ဟာဇက်စွမ်းဆောင်ခဲ့တာတွေကို ဘယ်လိုမှ မျက်ကွယ်ပြုလို့မရပါဘူး။ ဒီလိုကစားသမားမျိုးကို ဆုံးရှုံးရမှာက ချယ်လ်ဆီးအသင်းအတွက်အရမ်းနစ်နာပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ဆန္ဒနဲ့ အာသီသကို ကျွန်တော်တို့ လေးစားရမှာပါ။ ဟာဇက်အနေနဲ့ ချယ်လ်ဆီးအသင်းမှာ ဆက်နေမလား။ အသင်းက ထွက်ခွာမလားဆိုတာတော့ ကျွန်တော်တိတိကျကျမသိပါဘူး။ ဒါပေမဲ့ ကစားသမားရဲ့ဆန္ဒကိုတော့ ချယ်လ်ဆီးအသင်းက လိုက်လျောသင့်ပါတယ်။ ကျွန်တော်ဟာ ဟာဇက်နဲ့ ရင်းနှီးပြီးသူ့ကိုသဘောကျပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဟာဇက်ဘယ်လိုပဲဆုံးဖြတ်ပါစေ၊ ကျွန်တော်သဘောတူပါတယ်" ဟုပြောကြားခဲ့သည်။

ဟာဇက်သည် ၂၀၁၂ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၃၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၅၁)ပွဲတွင် (၁၀၈)ဂိုး သွင်းယူပေးထားသည်။

ထို့ပြင် ဟာဇက်သည် ယခုရာသီတွင်လည်း ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကာ ပရီးမီးယားလိဂ်တွင် (၁၆)ဂိုးအထိသွင်းယူခဲ့သလို၊ ပြိုင်ပွဲစုံ (၅၁)ပွဲတွင် (၁၉)ဂိုးအထိသွင်းယူပေးထားသည်။

Most Read

Most Recent