နယ်သာလန်ဘောလုံးအဖွဲ့ချုပ် (KNVB)သည် အေဂျက်စ်အသင်းနှင့် စပါးအသင်းတို့၏ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မတိုင်မီ ရက်သတ္တပတ်တွင် အေဂျက်စ်အသင်း နားရက်ပိုမိုရရှိရန် နယ်သာလန်လိဂ်ပွဲစဉ်များကို ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အေဂျက်စ်အသင်းသည် စပါးအသင်းနှင့်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ကို ဧပြီ (၃၀)ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းမတိုင်မီ (၂)ရက်အလို ဧပြီ (၂၈)ရက်၌ ဒီဂရက်ဖ်ချက်အသင်းနှင့် လိဂ်ပွဲစဉ်ကစားရမည်ဖြစ် သည်။ ထို့ကြောင့် နားရက်ပိုမိုရရှိစေရန် ယင်းရက်သတ္တပတ်မှ နယ်သာလန်လိဂ်ပွဲစဉ်တစ်ခုလုံးကို မေ (၁၅)ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ပြီး ရာသီပိတ်ပွဲစဉ်အဖြစ် ကစားရန် KNVB က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အေဂျက်စ်အသင်းသည် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ် စသည့် ဥရောပထိပ်တန်းအသင်းကြီးများကို အနိုင်ယူကာ ဆီမီးဖိုုင်နယ်အဆင့်သို့ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့သည်။