ချန်ပီယံလိဂ်ဖလားမရရှိလျှင်ပင် Ballon d'Or ဆုနှင့် မက်ဆီထိုက်တန်သည်ဟု ရီဗယ်လ်ဒိုသုံးသပ် 

ချန်ပီယံလိဂ်ဖလားမရရှိလျှင်ပင် Ballon d'Or ဆုနှင့် မက်ဆီထိုက်တန်သည်ဟု ရီဗယ်လ်ဒိုသုံးသပ် 
Photos : Twitter  /  Goal.com /snapkakapop.blogspot.com/ESPN
Photos : Twitter / Goal.com /snapkakapop.blogspot.com/ESPN
Published 19 April 2019

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်ကစားသမား ရီဗယ်လ်ဒိုက ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီအနေဖြင့် ယခုနှစ်တွင် ချန်ပီယံလိဂ်ဖလားမရရှိလျှင်ပင် ၂၀၁၉  Ballon d'Or ဆုနှင့်ထိုက်တန်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်ကစားသမား ရီဗယ်လ်ဒိုက ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီအနေဖြင့် ယခုနှစ်တွင် ချန်ပီယံလိဂ်ဖလားမရရှိလျှင်ပင် ၂၀၁၉  Ballon d'Or ဆုနှင့်ထိုက်တန်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းတွင် ၁၉၉၇ မှ ၂၀၀၂ ခုနှစ်အထိပါဝင်ကစားခဲ့ဖူးသည့် ရီဗယ်လ်ဒိုက လက်ရှိဘောလုံးလောကတွင် မက်ဆီကဲ့သို့ ကစားသမားမျိုးမရှိဘဲ ယခုရာသီခြေစွမ်းအရ သူ၏ကစားသမားဘဝ (၆)ကြိမ်မြောက်  Ballon d'Or ဆုဖလားကိုရရှိလိမ့်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

 

 

 

မက်ဆီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ဂိုးသွင်းယူပေးထားပြီး လာလီဂါပြိုင်ပွဲတွင်လည်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် (၁၂)ဂိုးဖန်တီးပေးထားသူဖြစ်သည်။ ထို့ပြင်မက်ဆီသည်ဘာစီလိုနာအသင်းအား စပိန်ဘုရင့်ဖလား၊ လာလီဂါနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင် ဖလား(၃)လုံးလမ်းကြောင်းပေါ်ရောက်ရှိအောင် အဓိကနေရာမှ စွမ်းဆောင်ပေးထားသူလည်းဖြစ်သည်။ 

 

 

 

ရီဗယ်လ်ဒိုက '' လက်ရှိဘောလုံးလောကမှာ သူ့လိုကစားသမားမျိုးမရှိနိုင်ပါဘူး။ ကျွန်တော့်အတွက်တော့  Ballon d'Or ဆုကိုပေးမယ်ဆိုရင် သူ့ကို ချက်ချင်းပေးလိုက်ချင်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်က အံ့ဖွယ်ပါပဲ။ သွင်းဂိုးတွေ၊ အရေးကြီးတဲ့ပွဲတွေမှာ အသင်းကိုအကောင်းဆုံးကူညီပေးခဲ့တာတွေ၊ အသင်းဖော်တွေအတွက် ဂိုးဖန်တီးပေးခဲ့တာတွေ၊ ဒီလိုအချက်တွေကြောင့် ဒီရာသီမှာ သူ့လိုကစားသမားမျိုးမရှိနိုင်တာ သေချာပါတယ်။ ဘာစီလိုနာအသင်းနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားမရခဲ့ဘူးဆိုရင်တောင်  သူ့အနေနဲ့ Ballon d'Or ဆုနဲ့ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါ တယ်'' ဟု ပြောကြားခဲ့သည်။ 

 

 

 

မက်ဆီသည် မန်ယူအသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် (၂)ဂိုးသွင်းယူခဲ့ပြီးနောက် ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲ၏တစ်ပတ်တာအကောင်းဆုံးကစားသမားဆုကို (၄)ကြိမ်မြောက် ဆွတ်ခူးခဲ့ကြောင်း သိရှိရသည်။ ရီဗယ်လ်ဒိုသည် ဘာစီလိုနာအသင်းတွင်ပါဝင်ကစားခဲ့စဉ် ၁၉၉၉ ခုနှစ်က  Ballon d'Or ဆုကို ရရှိခဲ့ဖူးသည်။ 

Most Read

Most Recent