
ရွှေဂုံတိုင်ခုံးကျော် တံတားပေါ်တွင် YBS (၃၆) ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ်တို့ တိုက်မိမှုအား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Service Depertment)
ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်တွင် YBS (၃၆) ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ်တစ်စီးတို့ တိုက်မိမှု ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော 9E.....ယာဉ် အမျိုးအစား Mazda Demio အငှားယာဉ်သည် ကုက္ကိုင်းဘက်မှ ဆူးလေဘက်သို့အလာ ရွှေဂုံတိုင်ခုံးကျော်တံတား အတက်နား၌ “ဂ” ကွေ့ကွေ့စဉ် မျက်နှာချင်းဆိုင်မှ ကမ္ဘာအေးစေတီလမ်းအတိုင်း ဆူးလေမှ ကုက္ကိုင်းဘက်သို့ မောင်းနှင်လာသော YBS (၃၆) ခရီးသည်တင်ယာဉ်နှင့် တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ယာဉ်တိုက်မိမှုကြောင့် ယာဉ်နှစ်စီးလုံး ပျက်စီးခဲ့ပြီး 9E..... ယာဉ်အမျိုးအစား Mazda Demio အငှားယာဉ်ပေါ်မှ ယာဉ်မောင်း (စုံစမ်းဆဲ) မှာ ဦးခေါင်းထိပ်စုတ်ပြဲ၊ ယာလက်ညှိုးစုတ်ပြဲဒဏ်ရာများ ရရှိခဲ့ကာ စမ်းချောင်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်နေသူများမှ ရန်ကုန်ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး 9E..... ယာဉ်အမျိုးအစား Mazda Demio အငှားယာဉ်မောင်း (စုံစမ်းဆဲ) အား ဗဟန်းမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Writter: အောင်ထက်ခိုင်















