အောက်တိုဘာ ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၈၈ ဒေါ်လာအထိ ပြန်ကျခဲ့ပြီး ပြည်တွင်းဈေးကွက်အတွင်း ရွှေဈေးနှုန်း ကျပ် ၉၃၆၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ၉၃၀၀၀၀ ကျော်မှ ၉၃၅၀၀၀ ကျော်ကြားဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၂ ရက်တွင် ကျပ် ၉၂၅၇၀၀၊ အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သော်လည်း အောက်တိုဘာ ၄ ရက်တွင် ၉၃၁၀၀၀ ဝန်းကျင်အထိ ပြန်တက်ခဲ့သည်။ အောက်တိုဘာ ၅ ရက်တွင် ၉၂၉၉၀၀၊ အောက်တိုဘာ ၆ ရက်တွင် ၉၂၆၁၀၀ အထိကျဆင်းခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်တွင် ကျပ် ၉၃၆၂၀၀ အထိ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၁၃ ရက်တွင် ၁၃၀၃ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ပြန်လည်ကျဆင်းခဲ့ရာ အောက်တိုဘာ ၁၇ တွင် ၁၂၈၈ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။