ဆေးသုတေသန လုပ်ငန်းများကို ဒိန်းမတ်နိုင်ငံရှိ ဆေးနှင့်နှီးနွှယ် တက္ကသိုလ်များနှင့် ပူးပေါင်းလုပ်ဆောင်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဆေးသုတေသန လုပ်ငန်းများကို ဒိန်းမတ်နိုင်ငံရှိ ဆေးနှင့်နှီးနွှယ် တက္ကသိုလ်များနှင့် ပူးပေါင်းလုပ်ဆောင်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ဆေးသုတေသန ဦးစီးဌာနဝင်း အတွင်းရှိ သုတေသန ဓာတ်ခွဲခန်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
ဆေးသုတေသန ဦးစီးဌာနဝင်း အတွင်းရှိ သုတေသန ဓာတ်ခွဲခန်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
Published 13 October 2018
အိသဥ္ဇာကျော်

ဆေးသုတေသန လုပ်ငန်းများကို ဒိန်းမတ်နိုင်ငံရှိ ဆေးနှင့်နှီးနွှယ် တက္ကသိုလ်များနှင့် ပူးပေါင်းလုပ်ဆောင်လိုကြောင်း အောက်တိုဘာ ၁၂ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆေးပညာ ဘာသာရပ်အသီးသီး ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆေးသုတေသနများကို ဒိန်းမတ်နိုင်ငံရှိဆေးနှင့် နှီးနွှယ်တက္ကသိုလ်များနှင့် ဆေးသုတေသနဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဆေးသုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဒိန်းမတ်နိုင်ငံမှ ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်စေလိုကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် ဒိန်းမတ်နိုင်ငံနှင့် ရေရှည်ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒိန်းမတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေပြဋ္ဌာန်း ပြီးချိန်တွင် ပေါ်ပေါက်လာမည့် အကျုံးဝင် အခန်းကဏ္ဍအသစ်များအတွက် ဒိန်းမတ်နိုင်ငံက ဆက်လက် အကူအညီ ပေးသွားမည်ဖြစ်သည်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံ အလုပ်အကိုင် ဝန်ကြီးဌာနတို့အကြား မြန်မာနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် မြှင့်တင်ရေးအပေါ် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေး စွမ်းဆောင်ရည် တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ၂၀၁၅ ခုနှစ်တွင် သုံးနှစ်တာကာလ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး စတင်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၁၈ ခုနှစ် ဇွန်လတွင် နားလည်မှုစာချွန်လွှာ သက်တမ်းကုန်ဆုံးသဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး ဥပဒေပြဋ္ဌာန်းပြီးချိန်တွင် ပေါ်ပေါက်လာမည့် အကျုံးဝင်မှု အခန်းကဏ္ဍ အသစ်များအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စမ်းဆေးမှု စွမ်းဆောင်ရည် တည်ဆောက်ပေးရေး လိုအပ်ချက်အား ဆက်လက်ဖြည့်ဆည်းပေးရန် ရည်ရွယ်ပြီး လေးနှစ်တာကာလ နားလည်မှုစာချွန်လွှာကို ထပ်မံသက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

သက်တမ်းတိုးလက်မှတ် ရေးထိုးခဲ့ပြီးနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှု စွမ်းဆောင်ရည်အပေါ် ဒိန်းမတ်နိုင်ငံ ဒိန်းမတ်လုပ်ငန်းခွင် ပတ်ဝန်းကျင် အာဏာပိုင်အဖွဲ့မှ ကျွမ်းကျင်သူများက စာတွေ့လက်တွေ့ လာရောက်လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ပြင်ပလူနာကုသမှု (OPD CARE) အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်းသွားမည်ဖြစ်သည်။

 

Most Read

Most Recent