နံ့သာတောင် ပရဟိတကျောင်းဆရာတော်နှင့် တွေ့ဆုံခြင်း

နံ့သာတောင် ပရဟိတကျောင်းဆရာတော်နှင့် တွေ့ဆုံခြင်း
Published 4 September 2017

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ နံ့သာတောင်ကျေးရွာရှိ နေအိမ် ၄၂ လုံး၊ ဈေးဆိုင် ၁၃ ဆိုင်၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ အခမဲ့ ပညာဒါနပရဟိတကျောင်းဆောင်တစ်ဆောင်နှင့် ကျောင်းသား၊ ကျောင်းသူများ နေထိုင်သည့် အဆောက်အအုံများကို မီးရှို့ခံခဲ့ရသည်။ ယင်းသို့ ဖြစ်ပွားခဲ့ခြင်းများနှင့် ပတ်သက်၍ မောင်တောမြို့သို့ ရောက်ရှိနေသော နံ့သာတောင် ပရဟိတကျောင်းဆရာတော်အား The Daily Eleven သတင်းစာက မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

 

မေး - နံ့သာတောင်ရွာ၊ ဆရာတော်ရဲ့ကျောင်းကို အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်။ လက်ရှိမှာ အကြမ်းဖက်သမားတွေက အဲ့ဒီနေရာကို ထိန်းချုပ်သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး အရှင်ဘုရား ပြောပြပေးပါ။

ဖြေ -  နံ့သာတောင်ပရဟိတကျောင်းရယ်၊ နံသာတောင်ရွာရယ်ကို မီးရှို့လိုက်တာတော့ မှန်ပါတယ်။ သို့သော်လည်း အခုချိန်ကာလမှာ ဘုန်းဘုန်းတို့ကြားသလောက်ဆိုရင် အကြမ်းဖက်သမားတွေက ကျောင်းပေါ်မှာနေကြတယ်။ ၂၆ ရက်က တပ်မတော်က စစ်ကြောင်းတစ်ကြောင်းသွားတာတောင် အကြမ်းဖက်ဘင်္ဂါလီတွေက ဘုန်းဘုန်းကျောင်းဘက်ကနေ ခုခံလို့ တိုက်လို့ အင်အားမမျှလို့ ဆုတ်လာရတဲ့ အနေအထားတွေလည်း ရှိပါတယ်။ဘုန်းဘုန်းတို့ အနီးပတ်ဝန်းကျင်တစ်ခုလုံးမှာက တိုင်းရင်းသားရွာဆိုလို့ အဲဒီနံ့သာရွာတစ်ခုတည်းရှိတယ်။ ကုလား ပတ်ပတ်လည်ဝိုင်းထားတာဆိုတော့ ရဲတပ်ဖွဲ့လည်း ဆုတ်လာရတယ်။ စစ်ကြောင်းလည်း ဆုတ်လာတော့ အကြမ်းဖက်သမားတွေက အဲဒီမှာ နေချင်သလို လုပ်ချင်သလို လုပ်နေတယ်လို့ သတင်းကြားပါတယ်။

 

မေး - နံ့သာတောင်ရွာက ဘင်္ဂါလားဒေ့ရှ်နဲ့ဆိုရင် ဘယ်လောက်ဝေးပါသလဲဘုရား။

ဖြေ -  ဘင်္ဂလားဒေ့ရှ်နဲ့ဆိုရင် ခြံစည်းရိုးတစ်ရိုး ခြားပါတယ်။ နံ့သာတောင်ရွာကနေ သွားရင် ငါးမိနစ်ဆယ်မိနစ်လောက်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကို ရောက်ပါတယ်။

 

မေး - နံ့သာတောင်ချောင်း၀ ရဲကင်းစခန်းတွေလည်း တိုက်ခိုက်ခံရတယ်။ ရဲတပ်သားတွေလည်း ကျဆုံးတယ် လို့ သိရပါတယ်။ ဟုတ်ပါသလားဘုရား။

ဖြေ -  ဟုတ်ပါတယ်။၂၅ ရက်က တိုက်ခိုက်ဟာမှာ နံ့သာတောင်ကင်းစခန်းတို့ ဟိုဘက် နံသာတောင် ချောင်းဝကင်းစခန်းတို့၊ ကြီးကွင်းကင်းစခန်း၊ ကွမ်းသီးပင်ကင်းစခန်း၊ မီးတိုက်ကင်စခန်းတို့ တိုက်ခိုက်ခံရပါတယ်။

 

မေး - ဘုန်းဘုန်းတို့ နံ့သာတောင် ပရဟိတကျောင်းနဲ့ နံသာကျောင်းက ကလေးတွေက လက်ရှိ ဘယ်နေရာမှ ခိုလှုံနေရပါလဲဘုရား။

ဖြေ -  ဘုန်းဘုန်းတို့က တောင်ပြိုလက်ဝဲမြို့ ရဲတပ်ရင်းမှာ ခိုလှုံနေရပါတယ်။၂၅ ရက် ညနေ ၄ နာရီမှာကတည်းက ပြောင်းရွှေ့သွားတာပါ။ဘုန်းဘုန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေတောင်းတယ်။ ရဲနဲ့ စစ်တပ်က စစ်ဗျူဟာက လုံခြုံရေးမပေးနိုင်တဲ့အတွက် လုံခြုံရေးရှိတဲ့နေရာကို ရွှေ့မှဖြစ်မယ်ဆိုပြီး ခလရ ၂၀ စစ်ကြောင်းက လာခေါ်လို့ပြောင်းရွှေ့လိုက်ရတယ်။ ပြောင်းရွှေ့ရတဲ့နောက်ကွယ်မှာ အဲ့ဒီမှာက တိုင်းရင်း သားတွေနေတဲ့ရွာ၊ နောက်တစ်ခုက တိုင်းရင်းသားရော၊ ဌာနေပညာရေး မဏ္ဍပ်ကြီးကြီးရပ်တည်နေတဲ့ ပရဟိတကျောင်းတော်ကြီး ဘုန်းဘုန်းတို့ဆုတ်တာနဲ့ အဲဒီကျောင်းကို မီးရှို့မယ်။ဖျက်ဆီးမယ်ဆိုတာ ဘုန်းဘုန်းတို့က သိတယ်။အဲဒါကို လုံခြုံရေးပေးပါ။ ရှိတဲ့ လူအင်အား၊ရွာသားအင်အားရော၊ ကျောင်းသားအင်အား၊ရဲတပ်ဖွဲ့အင်အား၊ တပ်အင်အားရော နှစ်ခု ခုခံရင် ဒီဥစ္စာက မီးရှို့လည်း မခံရဘူး။ဘုန်း ဘုန်းက စစ်ဘက်ဆိုင်ရာ ဗျူဟာမှူးနဲ့ ရဲတပ်ရင်းမှူးရော အကြိမ်ကြိမ်ပြောတယ်။ ပြောတာကို သူတို့က အင်အားမပေးနိုင်ဘူး။ မမျှတဘူး။

 

မေး -  လက်ရှိရော နံ့သာတောင်ကျေးရွာ အခြေအနေနဲ့ ဘုန်းဘုန်းတို့ ကျောင်းသားတွေ နေရေးထိုင်ရေးစား ရေးသောက်ရေးက ဘယ်လိုရှိပါသလဲဘုရား။

ဖြေ -  သတင်းကြားသလောက်ကတော့ နေရေး၊ စားရေး၊ သောက်ရေးအခက်အခဲကတော့ အစိုးရအဖွဲ့ကတော့ ရဟတ်ယာဉ်နဲ့ဆန်အိတ် ၃၀ ပေးလာတာတော့ သိပါတယ်။ အဲဒီမှာ ရွာရယ်၊ ဘုန်းဘုန်းတို့ကျောင်းရယ် ပေါင်း တော့ အင်အား ၇၀၀ ရှိတယ်။ အခု သာယာကုန်း၊ သဘောၤလှ၊ မီးတိုက်ရွာ အဲဒီဘက်က တိုင်းရင်းသားရွာတွေ စုလာတဲ့အခါ အဲဒီ တောင်ပြိုမှာ ဝန်ထမ်းမိသားစုရော၊ ဒုက္ခရောက်လာတဲ့သူတွေရောပေါင်းရင် အင်အား၂၅၀၀ လောက် ရှိတယ်။ အဲဒီ ဆန်အိတ် ၃၀ နဲ့ ဘယ်နည်းနဲ့စားရေး၊ သောက်ရေး မလိုက်နိုင်ဘူး။ အဲဒီတော့ စားရေးသောက်ရေးက အခက်အခဲဖြစ်နေပါတယ်။

 

မေး - ဘုန်းဘုန်းတို့ နံ့သာတောင်ကျောင်းနဲ့ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းမ ှုလုပ်ဆောင် နေတယ်လို့ ကြားမိပါသလားဘုရား။

ဖြေ -  အခုထက်ထိ ဘုန်းဘုန်းက အဲဒီစစ်တပ် ဗျူဟာမှူးနဲ့ရဲတပ်ရင်းမှူးကို ဖုန်းနဲ့အကြိမ်ကြိမ်မေးတယ်။ အဲဒီနံ့သာတောင်က ဘယ်လိုဖြစ်သွားပြီလဲ။ ဘယ်လောက်ထိခိုက် ပျက်စီး ဆုံးရှုံးသွားပြီလဲ။ မီးရှို့လိုက်ပြီလား။ သိပါစေဆိုတော့ သူတို့က ခိုင်မာတဲ့သတင်းမပေးနိုင်ဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေတယ်။ အမှန်က သူတို့ကိုယ်တိုင် ရဲတပ်ဖွဲ့နဲ့ စစ်ကြောင်းက အဲဒီဘက်ကို မသွားနိုင်ဘူး။ကုလားတွေရန်ကို ကြောက်လို့၊ မိုင်းတွေ ကြောက်လို့ ဘုန်းဘုန်းတို့ကျောင်းမှာလည်း ကုလားတွေ ခိုကျန်သွားတော့ သူတို့က အဲဒီဘက်ကို မသွားနိုင်ဘူး။ အဲဒီကိစ္စကို မေးမြန်းမရဘူးဖြစ်နေပါတယ်။

 

မေး - ဒါဆို ဘုန်းဘုန်းတို့ကျောင်းနဲ့ ရွာကို အကြမ်းဖက်သမားတွေက အကုန်လုံးသိမ်းပိုက်ထားပြီးလို့ ပြော လို့ရပါသလား ဘုရား။

ဖြေ -  ဟုတ်တယ်။ လူမရှိရင်တော့ သိမ်းပိုက်လိုက်တဲ့အနေအထားက မှန်ပါတယ်။ အဲဒီမှာ အကြမ်းဖက်တွေ ၂၆ ရက်က ခလရ ၂၀ စစ်ကြောင်းက သွားတဲ့အခါမှာ ဘုန်းဘုန်းကျောင်းပေါ်က တိုက်ခိုက်တာကို ကြည့်ခြင်းအားဖြင့် အဲဒီမှာ ခိုလှုံနေတယ်ဆိုတာ ပိုခိုင်မာပါတယ်။

 

မေး - ဘုန်းဘုန်းတို့ နံ့သာတောင်ရွာပတ်ဝန်းကျင်မှာ ဘင်္ဂါလီရွာက ဘယ်နှရွာလောက်ရှိပါသလဲဘုရား။

ဖြေ -  အကုန်လုံး ပတ်ပတ်လည်လည်က ဘင်္ဂါလီရွာတွေပဲ။ ကျွမ်းတောင်ရွာ၊ နံ့သာတောင်ရွာကြီးတွေ အလယ်ရွာ၊ အနောက်ရွာ အကုန်လုံးပတ်ပတ်လည် ကုလားရွာကြီးတွေပါပဲ။ အကုန်လုံး နံ့သာတောင်ရွာဧရိယာရဲ့ ပတ်ဝန်းကျင်ထဲမှာပါ။ တိုင်းရင်းသားရွာဆိုလို့ တစ်ရွာတည်း နေအိမ် ၄၀လုံး ရှိတာပါ။

 

မေး - ဘုန်းဘုန်းအနေနဲ့ နံ့သာတောင်ရွာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဘာများမိန့် ကြားချင်ပါသလဲဘုရား။

ဖြေ -  ရွာနဲ့ပတ်သက်ပြီးတော့ အထက်က ဌာနဆိုင်ရာအကြီးအကဲရော၊ တပ်မတော် ဘက်က အကြီးအကဲရောကို ဘုန်းဘုန်းမှာချင်တာက အခုထက်ထိ ဘုန်းဘုန်းတို့ နေရပ်စွန့်ခွာခဲ့တာက အခုဆိုရင် ၁၀ ရက်ကျော်ပြီ။အခုထက်ထိကို ရွာရဲ့အခြေအနေ၊ ဘင်္ဂါလီအကြမ်းဖက်သမားတွေက ဘယ်လိုနေထိုင်တယ်။  ဘယ်လိုဖျက်ဆီးလိုက်ပြီဆိုတာကို အဲဒါလေးကို အမြန်ဆုံး သိချင်တယ်။ ဘယ်လောက်ထိ ဆုံးရှုံးသွားလဲ။ တန်ဖိုးဘယ်လောက်ထိပါသွားလဲ။အဲဒါကို အမြန်ဆုံးသိချင်ပါတယ်။ အဲဒါကို တပ်မတော်ဘက်ကရော၊ နယ်ခြားစောင့် ရဲဘက်ကရော အမြန်ဆုံးဆောင်ရွက်ပေးစေချင်ပါတယ်။ နံ့သာတောင်ရွာမှာ နေအိမ် ၄၂ လုံး ရယ်ကျောင်းရယ်ကို အကုန်လုံးမီးရှို့လိုက်တာကို ခိုင်မာတဲ့ သတင်းရထားတဲ့အတွက် ပြောလို့ရပါတယ်။

Most Read

Most Recent