“မီးလောင်မှု တအားများနေတဲ့အတွက် မီးသတ်ယာဉ်ငါးစီးနဲ့ တပ်ဖွဲ့ဝင် ၃၆ ဦးနဲ့ စုပေါင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်တဲ့အခါမှာ မီးလောင်ကျွမ်းမှု မရှိတဲ့ဘက်က သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်”

“မီးလောင်မှု တအားများနေတဲ့အတွက် မီးသတ်ယာဉ်ငါးစီးနဲ့ တပ်ဖွဲ့ဝင် ၃၆ ဦးနဲ့ စုပေါင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်တဲ့အခါမှာ မီးလောင်ကျွမ်းမှု မရှိတဲ့ဘက်က သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်”
Published 9 September 2017

“မီးလောင်မှု တအားများနေတဲ့အတွက် မီးသတ်ယာဉ်ငါးစီးနဲ့ တပ်ဖွဲ့ဝင် ၃၆ ဦးနဲ့ စုပေါင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်တဲ့အခါမှာ မီးလောင်ကျွမ်းမှု မရှိတဲ့ဘက်က သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်”

သြဂုတ် ၂၅ ရက်မှ စတင်ကာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များက မောင်တောမြို့ရှိ ရဲကင်းစခန်း ၃၀ အား တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မောင်တောမြို့နှင့် မောင်တောမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် မီးလောင်မှုများ၊ အကြမ်းဖက်ခံရမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှုများအား မောင်တောမြို့ရှိ မီးသတ်တပ်ဖွဲ့များနှင့်အတူ မြို့ခံလူထုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြပြီး လက်ရှိ စက်တင်ဘာ ၈ ရက်တွင် မောင်တောမြို့ပေါ်တွင် မီးလောင်မှုများ နည်းပါးသွားပြီးဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ မီးငြှိမ်းသတ်ရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းများ၊ မိုင်းပေါက်ကွဲမှုများကို မီးသတ်တပ်ဖွဲ့ဝင်များ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ ယင်းကဲ့သို့ အခြေအနေများနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသန့်ဇင်နှင့် The Daily Eleven သတင်းစာက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး ■ မောင်တောမြို့မှာ မီးလောင်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို ပြောပြပေးပါခင်ဗျ။
ဖြေ ■ ပထမတစ်ပိုင်း အနေနဲ့ ၂၀၁၇ ခုနှစ် သြဂုတ် ၉ ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်တဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေက မြို့ထဲကို လှည့်လည်ပြီးတော့ အများပြည်သူသိအောင် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလ သြဂုတ် ၂၅ ရက်ညမှာဆိုရင် အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ပတ်သက် ပြီး ပစ်ခတ်တာတွေ မြို့အနီးနားတစ်ဝိုက်မှာ ကြားရပါတယ်။ လက်နက်ကြီးသံတွေ လက် နက်ကြီးကျလို့ မီးတောက်တွေ မြင်တွေ့နေရ လို့ စခန်းလုံခြုံရေးကို နံပါတ်တစ် ဦးစားပေး ပြီးတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ ဆောင်ရွက်ရ ပါတယ်။ ၂၇ ရက်နေ့မှာတော့ မြို့ပေါ် မြို့မ အရှေ့ရပ်ကွက်တို့မှာ မီးရှို့တာတွေ စပြီး ပေါ်ပေါက်လာတဲ့အတွက် မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရပါတယ်။

မေး ■ မီးငြှိမ်းသတ်တဲ့အခါမှာ ဘယ်လိုအခြေအနေတွေ ကြုံတွေ့ရလဲ။ အကြမ်းဖက် ဖြစ်စဉ်တွေကလည်း ဖြစ်နေတဲ့ အချိန်ဆိုတော့ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရလဲ။ ပြောပြပေးပါခင်ဗျ။
ဖြေ ■ ဇောတိကာရုံကျောင်း အနောက်ဘက်မှာ ARSA အကြမ်းဖက်သမားတွေ မီးရှို့မှုကြောင့် မီးလောင်မှုတွေဖြစ်တဲ့အတွက် ဟိန္ဒူရွာတွေ ဇောတိကာရုံကျောင်း အနောက်တွေ မီးငြှိမ်းသတ်တဲ့အခါမှာ လုပ်သေနတ်နဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ အပစ်ခံရတယ်။ အပစ်ခံရတော့ အကာအကွယ်ယူရင်းနဲ့ပဲ မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘေးမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ မီးမလောင်တဲ့အိမ်တွေကို မီးကူးစက်လောင်ကျွမ်းတာ မရှိဖို့အတွက် မီးငြှိမ်းချင်တဲ့စိတ်နဲ့ပဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အန္တရာယ်ကတော့ အများကြီးပါပဲ။ မီးငြှိမ်းသတ်တဲ့ အခါမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲတဲ့ အသံတွေလည်း ကြားခဲ့ရပါတယ်။ မီးလောင်မှု တအားများနေတဲ့အတွက် မီးသတ်ယာဉ် ငါးစီးနဲ့ တပ်ဖွဲ့ဝင် ၃၆ ဦးနဲ့ စုပေါင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်တဲ့အခါမှာ မီးလောင်ကျွမ်းမှု မရှိတဲ့ဘက်က သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ကျွန်တော်တို့တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ပြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကူအညီတောင်းပြီးတော့မှ ရှေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းတာ ဆောင်ရွက်ပြီးမှ ထပ်ပြီးမီးငြှိမ်းသတ်ရတဲ့ အနေအထားမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။ တော်တော်များများကတော့ ၂၇ ရက်နေ ၂၉ ရက်နေ့ထိ မီးငြှိမ်းသတ်မှုတွေ ဆောင်ရွက်တဲ့အခါမှာ တော်တော်များများ ပစ်ခတ်ခံရတဲ့ အနေအထားမျိုးတွေကနေ တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိဘဲနဲ့တော့ မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မေး ■ မီးသတ်တပ်ဖွဲ့ဝင်တွေ မီးငြှိမ်းသတ်ပြီးတဲ့ အခါမှာရော ဘာတွေတွေ့ရလဲ။ သေနတ်နဲ့ အပစ်ခံရတာကိုရော ကိုယ်တိုင်ကြုံတွေ့ခဲ့လား။
ဖြေ ■ ဘယ်လိုတွေ ယူဆလဲဆိုရင်တော့ ကျွန်တော့်အနေနဲ့ မီးလောင်ကျွမ်းမှု မရှိသေးတဲ့ နေအိမ်တွေမှာလည်း မီးရှို့ဖို့အတွက် သူတို့ စုပုံထားတာမျိုးတွေ ဒါတွေကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များကတစ်ဆင့် သိရှိခဲ့ရပါတယ်။ နောက်တစ်ခုက မီးလောင်တယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်များ သွားစောင့်တယ်။ မီးငြှိမ်းသတ်နေရင်းမှာကိုပဲ မီးငြှိမ်းသတ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ခြောက်လှန့်ပစ်ခတ်တာမျိုးတွေ သူတို့ဘက်က လုပ်လာတယ်။ တော်ကြာ သုံးလေးယောက်လောက် ထွက်လာလိုက် တပ်ဖွဲ့ဝင်တွေ နောက်ပြန်ဆုတ်လိုက် လှမ်းပစ်လိုက်နဲ့။ ဒီလိုမျိုးတွေကတော့ ရွာသစ်ကေရပ်ကွက်ကို ငြှိမ်းသတ်တဲ့အခါမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ဇောတိကကျောင်းဘေးမှာ မီးငြှိမ်းသတ်စဉ်တုန်းကလည်း လုပ်သေနတ်နဲ့ ပစ်ခတ်ခံရတယ်။ ဒါတွေ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာပါ။

Most Read

Most Recent