မန်စီးတီးအသင်း ရှုံးပွဲတွေ့ရန် မျှော်လင့်နေသည်ဟု မာနေ ဝန်ခံ

မန်စီးတီးအသင်း ရှုံးပွဲတွေ့ရန် မျှော်လင့်နေသည်ဟု မာနေ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 31 March 2019

မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့သည် ယခုရာသီပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်အကြိတ်အနယ်ယှဉ်ပြိုင်နေပြီး လက်ရှိအချိန်တွင် မန်စီးတီးအသင်းက အမှတ်ပေးဇယားကို လီဗာပူးလ်အသင်းထက် (၁)မှတ်အသာဖြင့် ဦးဆောင်လျက်ရှိသည်။

လီဗာပူးလ်အသင်းတောင်ပံကစားသမား မာနေက မိမိအနေဖြင့် မန်စီးတီးအသင်းရှုံးပွဲတွေ့ရန် မျှော်လင့်နေကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့သည် ယခုရာသီပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်အကြိတ်အနယ်ယှဉ်ပြိုင်နေပြီး လက်ရှိအချိန်တွင် မန်စီးတီးအသင်းက အမှတ်ပေးဇယားကို လီဗာပူးလ်အသင်းထက် (၁)မှတ်အသာဖြင့် ဦးဆောင်လျက်ရှိသည်။

ထို့ကြောင့် မာနေက မိမိတို့နှင့် ချန်ပီယံဆုကို အပြိုင်ဖြစ်နေသည့် မန်စီးတီးအသင်း၏ပွဲစဉ်များကို စိတ်ဝင်စားစွာ စောင့်ကြည့်လေ့ရှိသည်ဟုလည်း Sky Sports နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မာနေက ''မန်စီးတီးအသင်းရဲ့ ပွဲစဉ်တွေကို ကျွန်တော်စောင့်ကြည့်လေ့ရှိပါတယ်။ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို စောင့်ကြည့်ရတာက လီဗာပူးလ်အတွက် ကစားရတာထက်တောင် ပိုစိတ်လှုပ်ရှားစရာ၊ ကြောက်စရာကောင်းနေပါသေးတယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးအသင်းကို ကျွန်တော်ရှုံးပွဲတွေ့စေချင်လို့ပါ။ ကျွန်တော်တို့အသင်းနည်းပြ ကလော့ပ်ကတော့ ကျွန်တော်ပြောသလို ပြောမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ကလော့ပ်လည်း မန်စီးတီးအသင်းရှုံးပွဲတွေ့မှာ မျှော်လင့်နေမှာပါပဲ'' ဟုပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် မတ်လ (၃၁)ရက်နေ့တွင် စပါးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်တွင် အနိုင်ရခဲ့ပါက မန်စီးတီးအသင်းထက် (၁) ပွဲပိုကစားကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို (၂)မှတ်အသာဖြင့် ပြန်လည်ဦးဆောင်နိုင်မည်ဖြစ်သည်။

Most Read

Most Recent