တနသာၤရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင် အား နိုင်ငံတော်သမ္မတ အဆိုပြု

တနသာၤရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင် အား နိုင်ငံတော်သမ္မတ အဆိုပြု
နိုင်ငံတော်သမ္မတ က အဆိုပြုထားသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင် အားတွေ့ရစဉ်
နိုင်ငံတော်သမ္မတ က အဆိုပြုထားသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင် အားတွေ့ရစဉ်
Published 18 March 2019
ဖြိုးဇင် (ထားဝယ်)

တနသာၤရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခေတ္တဝန်ကြီးချုပ်တာဝန် ယူထားသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် အား ခန့်အပ်ရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့နိုင်ငံတော်သမ္မတက ယနေ့ (မတ်လ ၁၈ ရက်)တွင် အဆိုပြုစာ ပေးပို့လာကြောင်း သိရသည်။

အဂတိလိုက်စားမှုကြောင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် တနသာၤရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ လစ်လပ်နေသော နေရာတွင်ခေတ္တဝန်ကြီးချုပ်အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား မတ်လ ၁၁ ရက်က တာဝန်ပေးအပ်ခဲ့ပြီးနောက် ၇ ရက်အကြာ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဦးမြင့်မောင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တနသာၤရီတိုင်းဒေသကြီး လွှတ်တော်ထံ အဆိုပြုသည့်စာ ပေးပို့လာခြင်း ဖြစ်သည်။

“တနသာၤရီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင်အား ခန့်အပ်လိုက်ကြောင်းကို ဒီနေ့(မတ်လ ၁၈ ရက်နေ့ ညနေ) ၄ နာရီထိုးမှာ fax ဝင်လာတယ်။ fax ဝင်လာတော့ တနသာၤရီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင် ဖြစ်သွားတာ သေချာသွားပြီ၊ ကျွန်တော်တို့လွှတ်တော်အနေနဲ့တော့ ဝန်ကြီးချုပ်ကို လွှတ်တော်မှာ ဆွေးနွေးခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းတွေ လုပ်ရမယ်ဆိုတော့ လာမယ့် မတ်လ ၂၂ ရက်နေ့မှာ အရေးပေါ်အစည်းအဝေးခေါ်ဖို့လုပ်ထားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ကပြောကြားသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ်သည့် ဦးမြင့်မောင်မှာ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရွေးချယ်ခြင်းခံခဲ့ရသူ ဖြစ်သည်။

Most Read

Most Recent