ဂျူဗင်တပ်စ်အသင်း ရှုံးပွဲစတွေ့ပြီး မက်ဆီရဲ့ဟက်ထရစ်နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ ဘာစီလိုနာ

ဂျူဗင်တပ်စ်အသင်း ရှုံးပွဲစတွေ့ပြီး မက်ဆီရဲ့ဟက်ထရစ်နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ ဘာစီလိုနာ
Photos: AFP
Photos: AFP
Published 18 March 2019

မတ်လ(၁၇)ရက်က ကစားခဲ့တဲ့ပွဲတွေမှာ စီးရီးအေအမှတ်ပေးဇယားကို အမှတ်ပြတ်ဦးဆောင်နေတဲ့ ဂျူဗင်တပ်စ်အသင်း အခုရာသီ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ စီးရီးအေမှာ ပြီးခဲ့တဲ့နှစ် ဧပြီလနောက်ပိုင်း ရှုံးပွဲပြန်တွေ့တာဖြစ်ပြီး စီးရီးအေအဝေးကွင်းပွဲတွေမှာ ၂၀၁၇၊ နိုဝင်ဘာလနောက်ပိုင်း ရှုံးပွဲနဲ့ပြန်ရင်ဆိုင်ခဲ့ရပါတယ်။

ဘာစီလိုနာကတော့ ဘက်တစ်ကွင်းမှာ မက်ဆီရဲ့ဟက်ထရစ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။



 

မက်ဆီအနေနဲ့ လာလီဂါသမိုင်းမှာ ဟက်ထရစ် (၃၃)ကြိမ်ရှိလာကာ စီရော်နယ်လ်ဒိုမီဖို့ (၁)ကြိမ်သာလိုအပ်နေပြီး အခြားဂိုးတစ်ဂိုးကိုတော့ ဆွာရက်ဇ်က သွင်းယူပေးခဲ့ပါတယ်။

မီလန်ဒါဘီပွဲမှာ အင်တာမီလန်အသင်း အောင်ပွဲခံခဲ့ပြီး ဒါဘီပွဲတွေမှာ နောက်ဆုံး(၆)ကြိမ်ဆက် ရှုံးပွဲမရှိခဲ့တာဖြစ်တယ်။



■ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ပွဲစဉ်ရလဒ်များ 

ပရီးမီးယားလိဂ်

ဖူလ်ဟမ် ၁ - ၂ လီဗာပူးလ်

အဲဗာတန် ၂ - ၀ ချယ်လ်ဆီး

FA ဖလား ကွာတားဖိုင်နယ်

မီဝေါလ် ၂ - ၂ ဘရိုက်တန် (ပယ်နယ်တီ ၄-၅ ဂိုးဖြင့် ဘရိုက်တန်နိုင်)

လာလီဂါ

အီဘာ ၁ -၂ ဗယ်လာဒိုလစ်

အက်စ်ပန်ညို ၀ - ၁ ဆီဗီလာ

ဗလင်စီယာ ၀ - ၀ ဂီတာဖေး

ဗီလာရီးယဲလ် ၃ - ၁ ဗယ်လက်ကာနို

ဘက်တစ် ၁ - ၄ ဘာစီလိုနာ

စီးရီးအေ

ဂျီနိုအာ ၂ - ၀ ဂျူဗင်တပ်စ်

အတ္တလန်တာ ၁ - ၁ ချီယေဗို

အမ်ပိုလီ ၂ - ၁ ဖရိုဆီနိုနီ

လာဇီယို ၄ - ၁ ပါးမား    

နာပိုလီ ၄ - ၂ အူဒီးနီးစ်

အေစီမီလန် ၂ - ၃ အင်တာမီလန်

ဘွန်ဒစ်လီဂါ

လေဗာကူဆင် ၁ - ၃ ၀ါဒါဘရီမင်

ဖရန့်ဖတ် ၁ - ၀ နုရင်ဘတ်

ဘိုင်ယန်မြူးနစ် ၆ - ၀ မိန့်ဇ်

ပြင်သစ်လီဂူး

လိုင်ယွန် ၃ - ၂ မောင့်ပယ်လီယာ

Reims ၁ - ၀ နန့်စ်

ဘော်ဒိုး ၁ - ၁ ရန်းစ်

PSG ၃ - ၁ မာဆေးလ်

Most Read

Most Recent