လီဗာပူးလ်နှင့်ပွဲတွင် ကင်စလေကိုးမန်း ပါဝင်နိုင်မည်ဟု ဘိုင်ယန်မြူးနစ်အသင်းအတည်ပြု

လီဗာပူးလ်နှင့်ပွဲတွင် ကင်စလေကိုးမန်း ပါဝင်နိုင်မည်ဟု ဘိုင်ယန်မြူးနစ်အသင်းအတည်ပြု
Photo: Getty Images
Photo: Getty Images
Published 16 February 2019

ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ကင်စလေကိုးမန်းသည် လီဗာပူးလ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

အသက် (၂၂) နှစ်အရွယ်ရှိ ပြင်သစ်တောင်ပံကစားသမား ကိုးမန်းသည် ပြီးခဲ့သည့်သောကြာနေ့က အော့စ်ဘတ်အသင်းအား (၃-၂) ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာမှာ ပြင်းထန်သည်ဟု ကနဦးသတင်းများထွက်ပေါ်ခဲ့သည်။

သို့သော် ဘိုင်ယန်မြူးနစ်အသင်းက ကိုးမန်း၏ ဒဏ်ရာကို သေချာစစ်ဆေးပြီးနောက် ကိုးမန်းအနေဖြင့် လီဗာပူးလ်နှင့်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်း၏ ထုတ်ပြန်ချက်တွင် ''သတင်းကောင်းပါပဲ။ ကိုးမန်းအနေနဲ့ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်မယ်လို့ အသင်းဆရာဝန်တွေက အတည်ပြုခဲ့ကြပါတယ်'' ဟုပါရှိသည်။

ကိုးမန်းသည် အော့စ်ဘတ်အား အနိုင်ရသည့်ပွဲတွင် အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးကိုသွင်းယူပေးခဲ့သလို၊ ယခုရာသီပြိုင်ပွဲစုံ (၁၅)ပွဲတွင် (၅)ဂိုး သွင်းယူထားသည်။

ကိုးမန်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ခြေချင်းဝတ်ဒဏ်ရာကြောင့်ကာလရှည်ကြာ အနားယူခဲ့ရပြီး ယင်းဒဏ်ရာကြောင့်ပင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲချော်ခဲ့ရသူလည်းဖြစ်သည်။

Most Read

Most Recent