FA ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FA ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 6 January 2019

 

ဖူလ်ဟမ် - အိုးလ်ဟမ်း (တနင်္ဂနွေည ၈း၃၀ နာရီ)

ကစားသမားကောင်းတွေအများကြီး ခေါ်ထားတဲ့ ဖူလ်ဟမ်က ပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရတယ်။ ရာနီရေးရီလက်ထက်မှာလည်း ထူးထူးခြားခြား လုပ်မပြနိုင်သေးဘူး။ ဒီပွဲကတော့ ဖူလ်ဟမ်ရဲ့လက်ရှိ လူအင်အားနဲ့ဆိုရင် နိုင်သင့်တဲ့ပွဲပါ။ အိမ်ကွင်းလည်းဖြစ်နေလို့ ဖူလ်ဟမ် နောက်တစ်ဆင့်တက်လိမ့်မယ်။ 

မန်စီးတီး - ရော့သာဟမ် (တနင်္ဂနွေည ၈း၃၀ နာရီ)

ရော့သာဟမ်က လိဂ်ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့အသင်းဖြစ်တယ်။ လိဂ်ချန်ပီယံရှစ်ရဲ့ ပေးဂိုးအများဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး မန်စီးတီးအသင်းရဲ့ကွင်းမှာ ဂိုးအလှူပေးဖို့ အသင့်ဖြစ်နေတဲ့အသင်းပါ။ မန်စီးတီးအသင်းမှာ အရန်ကစားသမား တော်တော်များများ ပွဲထွက်လာမှာဖြစ်ပေမယ့် ဂိုးတွေသွင်းဖို့ အခက်အခဲရှိပါဘူး။ 

ဝိုကင်း - ဝက်ဖို့ဒ် (တနင်္ဂနွေည ၈း၃၀ နာရီ)

အပျော်တမ်းလိဂ်ကအသင်းတစ်သင်းအနေနဲ့ ဒီအဆင့်အထိရောက်လာတာ ကျေနပ်စရာပါ။ အပျော်တမ်းလိဂ်မှာ နိုင်ပွဲတွေဆက်ပြီး အဆင့် (၂)နေရာမှာ ရပ်တည်နေပေမယ့် ဝက်ဖို့ဒ်ကို ယှဉ်ကစားနိုင်ဖို့ခက်ပါတယ်။ ဝက်ဖို့ဒ်က ပရီးမီးယားလိဂ်မှာ ဇယားအလယ်ရောက်နေတဲ့အသင်းဖြစ်ပြီး ဒီလိုပွဲမျိုးကို အနိုင်ကစားဖို့အခက်အခဲမရှိပါဘူး။ 

QPR - လိဒ်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)

နှစ်သင်းစလုံးက လိဂ်ချန်ပီယံရှစ်မှာ ရပ်တည်နေတဲ့အ သင်းတွေဖြစ်တယ်။ လက်ရှိရလဒ်ချင်းယှဉ်ရင် QPR က ပိုကောင်းတယ်လို့ ပြောနိုင်ပေမယ့် လိဒ်စ်က တစ်ရာသီလုံး ခြေစွမ်းမှန်မှန်နဲ့ ကစားနေပြီး အမှတ်ပေးဇယားထိပ်ဆုံးကအသင်းပါ။ ဒီရာသီ လိဒ်စ်အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့အနိုင်ရထားတယ်။ ဒီပွဲလည်း လိဒ်စ်ပဲကြိုက်တယ်။

ရှက်ဖီးယူနိုက်တက် - ဘားနတ် (တနင်္ဂနွေည ၈း၃၀ နာရီ)

ရှက်ဖီးယူနိုက်တက်က နေရှင်နယ်လိဂ်က ဘားနတ်ထက် အစစအရာရာအသာရထားပါတယ်။ နေရှင်နယ်လိဂ်မှာ ရလဒ်ကောင်းနေပေမယ့် အဝေးကွင်းမှာ ဘားနတ်ဘာမှ လုပ်ပြနိုင်မှာမဟုတ်ဘူး။ လိဂ်ချန်ပီယံရှစ်မှာ နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇ ယား အဆင့် (၃)နေရာမှာရှိနေတဲ့ ရှက်ဖီးယူနိုက်တက် ဂိုးပြတ်သွင်းလိမ့်မယ်။ 

နယူးပို့တ် - လက်စတာ  (တနင်္ဂနွေည ၁၁းဝ၀ နာရီ)

နယူးပို့တ်က League Two ဇယားအလယ်ကို ရောက်နေတဲ့အသင်းဖြစ်ပြီး နောက်ဆုံး (၈)ပွဲမှာ တစ်ပွဲပဲနိုင်တဲ့အထိ အခြေအနေဆိုးနေတယ်။ လက်စတာအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲမှာ (၃)ပွဲအနိုင်ရခဲ့တဲ့အသင်းဖြစ်ပြီး အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနေတဲ့အသင်းပါ။ အဝေးကွင်းဆိုပေမယ့် နိုင်ပွဲသေချာသလို ဂိုးလည်းပြတ်နိုင်တယ်။

■ အခြားပွဲစဉ်များ

မီဝေါလ် - ဟားလ်စီးတီး (တနင်္ဂနွေည ၈း၃၀ နာရီ)

ပရက်စတန် - ဒွန်ကက်စတာ (တနင်္ဂနွေည ၈း၃၀ နာရီ)

Most Read

Most Recent