ရော်ဘင်ဟိုကို ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဟု ဘာရှက်ဆီဟီအသင်းကြေညာ

ရော်ဘင်ဟိုကို ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဟု ဘာရှက်ဆီဟီအသင်းကြေညာ
Photo: Getty Images
Photo: Getty Images
Published 28 December 2018

တူရကီကလပ် ဘာရှက်ဆီဟီအသင်းသည် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုအား ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဟု ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

ဘာရှက်ဆီဟီအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဂူမက်စ်ဒက်က "ရော်ဘင်ဟိုရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ဆီဗာစပေါအသင်းနဲ့ ကျွန်တော်တို့ သဘောတူညီမှုရရှိခဲ့ပါပြီ"ဟု ၎င်း၏ Twitter တွင် ရေးတင်ခဲ့သည်။

ထို့ကြောင့် ရော်ဘင်ဟိုသည် ဘရှက်ဆီဟီအသင်းတွင် မန်စီးတီးအသင်းဖော် တိုက်စစ်မှူး အဒီဘာယောနှင့် ပြန်လည်လက်တွဲခွင့်ရမည်ဖြစ်သလို နာမည်ကျော်ကစားသမားများဖြစ်သည့် ကလစ်ချီ၊ အာဒါတူရန်တို့နှင့်လည်း တွဲဖက်ကစားခွင့်ရမည် ဖြစ်သည်။

ရော်ဘင်ဟိုသည် ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ အေစီမီလန် စသည့် ဥရောပထိပ်တန်းကလပ်အသင်းများတွင် ကစားခဲ့သူဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တူရကီကလပ် ဆီဗာစပေါအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

အသက် (၃၄)နှစ်ရှိပြီဖြစ်သည့် ရော်ဘင်ဟိုသည် ယခုရာသီတွင် ဆီဗာစပေါ်အသင်းအတွက် စူပါလိဂ်ပြိုင်ပွဲတွင် (၁၆)ပွဲကစား (၈)ဂိုးသွင်းယူထားသည်။

ဘာရှက်ဆီဟီအသင်းသည် တူရကီစူပါလိဂ်ပွဲစဉ် (၁၇)အပြီးတွင် (၃၅)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာမှ ထရက်ဇွန်စပေါအသင်းကို (၆)မှတ်အထိ ဖြတ်ထားသည်။

Most Read

Most Recent