ဗြိတိန်လောင်းကစားဒိုင် Skybet မှထုတ်ပြန်သည့်အလေးပေးချက်တွင် လောရင့်ဘလန့်မှာ ၆း၄ လေးဖြင့် အပြတ်အသတ်ရေပန်းစားနေခြင်းဖြစ်သည်။
မန်ယူအသင်းသည် နည်းပြ မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ပြီးနောက် နာရီပိုင်းအကြာမှာပင် လောင်းကစားကုမ္ပဏီများက ယာယီနည်းပြ ရာထူးအတွက် အလေးပေးချက်ကို ထုတ်ပြန်ခဲ့ရာ PSG နှင့် ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဟောင်း လောရင့်ဘလန့်က ထိပ်ဆုံးတွင်ရှိနေကြောင်း သိရသည်။
ဗြိတိန်လောင်းကစားဒိုင် Skybet မှထုတ်ပြန်သည့်အလေးပေးချက်တွင် လောရင့်ဘလန့်မှာ ၆း၄ လေးဖြင့် အပြတ်အသတ်ရေပန်းစားနေခြင်းဖြစ်သည်။
ဘလန့်၏နောက်တွင် လက်ထောက်နည်းပြ ကာရစ်က ၅း၁ လေး၊ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းက ၆း၁ လေး၊ ပိုချက်တီနိုက ရး၁ လေး၊ အသင်းကစားသမားဟောင်းများဖြစ်သည့် နစ်ကီဘတ်နှင့် ရိုင်ယန်ဂစ်၊ ချယ်လ်ဆီးနည်းပြဟောင်းများဖြစ်သည့် ဂူဟစ်ဒင့်နှင့် ကွန်တီက ၁၂း၁ လေးစီဖြင့် ရပ်တည်နေကြောင်း သိရသည်။
မော်ရင်ဟို နည်းပြရာထူးမှ ထုတ်ပယ်ပြီးပြီးချင်း ဇီဒန်းမှာ ရေပန်းစားမှုတွင် ထိပ်ဆုံး၌ရှိခဲ့သော်လည်း လောရင့်ဘလန့်ကို ရာသီကုန်အထိ တာဝန်ပေးမည်ဟု မန်ယူသတင်းရင်းမြစ်များထံမှ ပြောကြားမှုများ ထွက်လာချိန်တွင် လောင်းကစားကုမ္ပဏီများ၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။
မန်ယူအသင်းက လက်ရှိတွင် ယာယီနည်းပြကိုသာ ရာသီကုန်အထိ တာဝန်ပေးသွားမည်ဖြစ်ပြီး အမြဲတမ်းနည်းပြကို လာမည့်ရာသီတွင်မှ စတင်ကိုင်တွယ်စေမည်ဟု သတင်းထုတ်ပြန်ထားသည်။