ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်ရေးဆွဲ မှုကို ဂရင်းနစ် စံတော်ချိန် နံနက် ၁၁ နာရီ (မြန်မာစံတော် ချိန် ညနေ ၅း၃၀ နာရီ) တွင်ကျင်းပမည်ဖြစ်ကာ ယင်းမဲခွဲပွဲအပြီး၌ ယူရိုပါလိဂ်မဲခွဲပွဲကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။
၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များကို လာမည့် ဒီဇင်ဘာ(၁၇)ရက်(ယနေ့)တွင် ပွဲစဉ်ရေး ဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်ကလပ်အသင်းများထဲ၌ မန်စီးတီးအသင်းတစ်သင်းသာ အုပ်စုဗိုလ်နေရာ တွင် ရပ်တည်နိုင်ခဲ့ပြီး၊ မန်ယူ၊ လီဗာပူးလ်နှင့် စပါးအသင်းတို့မှာ အုပ်စုဒုတိယနေရာများတွင် သာ ရပ်တည်နိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် ရှုံးထွက်အဆင့်တွင် ရင်ဆိုင်ရနိုင်သည့် ပြိုင်ဘက်အသင်းများမှာလည်း မန်စီးတီးအသင်းက ပွဲစဉ်ချောင်သည့် အနေအထားဖြစ်ပြီး၊ ဥရောပ ထိပ်တန်းကလပ်အသင်းကြီးများကို ရှောင်လွှဲ နိုင်ခဲ့သည်။
ရှုံးထွက်အဆင့်ပွဲစဉ် ရေးဆွဲမှုစည်းမျဉ်းများအရ ယခုအဆင့်တွင် အုပ်စုတွင်းအတူတူ ကျရောက်ခဲ့သည့်အသင်းများ၊ နိုင်ငံတူအသင်းများကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်ရာ မန် စီးတီးအသင်းသည် အုပ်စုဒုတိယအသင်းများထဲ မှ အက်သလက်တီကို၊ ရှော်လ်ကေး၊ အေဂျက်စ်၊ ရိုးမား စသည့်အသင်းများနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ပြီး ကျန်ပရီးမီးယားလိဂ်အသင်းကြီးများမှာ မူ ဥရောပထိပ်တန်းအသင်းကြီးများနှင့် ထိပ် တိုက်ဆုံတွေ့နိုင်သည့် အခြေအနေတွင်ရှိသည်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်ရေးဆွဲ မှုများကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)၏ ရုံးချုပ်တည်ရှိရာ ဆွစ်ဇာလန်နိုင်ငံ၊ နီယွန် မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဂရင်းနစ် စံတော်ချိန် နံနက် ၁၁ နာရီ (မြန်မာစံတော် ချိန် ညနေ ၅း၃၀ နာရီ) တွင်ကျင်းပမည်ဖြစ်ကာ ယင်းမဲခွဲပွဲအပြီး၌ ယူရိုပါလိဂ်မဲခွဲပွဲကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။
ရှုံးထွက်အဆင့်ပွဲစဉ်များ၏ ပထမအကျော့ ပွဲစဉ်များကို ဖေဖော်ဝါရီ (၁၂၊ ၁၃၊ ၁၉၊ ၂၀) ရက် များတွင်လည်းကောင်း၊ ဒုတိယအကျော့ကို မတ်လ (၅၊ ၆၊ ၁၂၊ ၁၃)ရက်များတွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်။
ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တွင် ရင်ဆိုင်ရဖွယ်ရှိသည့် အတွဲအဖက်များ
မန်စီးတီး - အက်သလက်တီကို၊ ရှော်လ်ကေး၊ အေဂျက်စ်၊ ရိုးမား
မန်ယူ - ဒေါ့မွန်၊ ဘာစီလိုနာ၊ PSG၊ ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်
လီဗာပူးလ် - ဒေါ့မွန်၊ ဘာစီလိုနာ၊ ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်
စပါး - ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ PSG၊ ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်
PSG - မန်ယူ၊ စပါး၊ ရှော်လ်ကေး၊ အက်သလက်တီကို၊ အေဂျက်စ်
ဘာစီလိုနာ - မန်ယူ၊ ရှော်လ်ကေး၊ ရိုးမား၊ အေဂျက်စ်၊ လီဗာပူးလ်၊ လိုင်ယွန်
ရီးယဲလ်မက်ဒရစ် - မန်ယူ၊ ရှော်လ်ကေး၊ စပါး၊ လီဗာပူးလ်၊ အေဂျက်စ်၊ လိုင်ယွန်
ဂျူဗင်တပ်စ် - ရှော်လ်ကေး၊ အက်သလက်တီကို၊ စပါး၊ လီဗာပူးလ်၊ အေဂျက်စ်၊ လိုင်ယွန်
အက်သလက်တီကို - ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ မန်စီးတီး၊ PSG
ဘိုင်ယန်မြူးနစ် - ရိုးမား၊ အက်သလက်တီကို၊ စပါး၊ လီဗာပူးလ်၊ မန်ယူ၊ လိုင်ယွန်
ဒေါ့မွန် - ရိုးမား၊ စပါး၊ လီဗာပူးလ်၊ မန်ယူ၊ လိုင်ယွန်
အေဂျက်စ် - ဒေါ့မွန်၊ ဘာစီလိုနာ၊ PSG၊ ပေါ်တို၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဂျူဗင်တပ်စ်
ပေါ်တို - ရိုးမား၊ အက်သလက်တီကို၊ စပါး၊ လီဗာပူးလ်၊ မန်ယူ၊ လိုင်ယွန်၊ အေဂျက်စ်
ရှော်လ်ကေး - ဘာစီလိုနာ၊ PSG၊ ရီးယဲလ်၊ မန်စီးတီး၊ ဂျူဗင်တပ်စ်
ရိုးမား - ဒေါ့မွန်၊ ဘာစီလိုနာ၊ PSG၊ ပေါ်တို၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်
လိုင်ယွန် - ဒေါ့မွန်၊ ဘာစီလိုနာ၊ ပေါ်တို၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်