ရှုံးထွက်အဆင့်တက်ရောက်ဖို့ မရေရာတော့တဲ့ လီဗာပူးလ်

ရှုံးထွက်အဆင့်တက်ရောက်ဖို့ မရေရာတော့တဲ့ လီဗာပူးလ်
Photo : AFP
Photo : AFP
Published 29 November 2018

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၅) ဒုတိယနေ့ပွဲစဉ်တွေကို နိုဝင်ဘာလ ၂၈ ရက်မှာ ကစားသွားခဲ့ပြီး အုပ်စု(C)ရဲ့ အရေးပါဆုံးပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ အဝေးကွင်းမှာ PSGအသင်းကို အဝေးကွင်းမှာ အရေးနိမ့်သွားခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ မရေရာတော့တဲ့အခြေအနေကို ရောက်ရှိခဲ့ရပါတယ်။

အိမ်ရှင် PSG အသင်းက ဘားနတ်(၁၃ မိနစ်)၊ နေမာ(၃၇ မိနစ်)တို့ သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပြီး ပထမပိုင်းနာကျင်အချိန်ပိုမှာ မီလ်နာက ပယ်နယ်တီကနေ ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းက ပိုမိုကောင်းမွန်တဲ့ခြေစွမ်းနဲ့ ကစားသွားခဲ့ပေမယ့် အရေးပါတဲ့ချေပဂိုးတော့ ပြန်မရခဲ့ပါဘူး။

PSGအတွက် ဒုတိယဂိုးသွင်းခဲ့တဲ့ နေမာဟာ ချန်ပီယံလိဂ်သွင်းဂိုး(၃၁)ဂိုးအထိ ရှိလာပြီး ကာကာရဲ့စံချိန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အုပ်စု(C)ရဲ့တခြားပွဲစဉ်ဖြစ်တဲ့ နာပိုလီ-ဇဗက်ဒါပွဲမှာတော့ နာပိုလီက ဟမ်ဆစ်၊ မာတင်စ်(၂ ဂိုး)တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

မာတင်စ်ဟာ နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၀၀)ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။

တခြားအုပ်စုကျပ်တစ်ခုဖြစ်တဲ့ အုပ်စု(B)ရဲ့ စပါး-အင်တာမီလန်ပွဲမှာတော့ စပါးအသင်းက မိနစ်(၈၀)မှာ အဲရစ်ဆင်သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် စပါးအသင်းအနေနဲ့ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ရပါတယ်။

ဒုတိယနေ့ပွဲစဉ်တွေအပြီးမှာ အက်သလက်တီကို၊ ဒေါ့မွန်၊ ပေါ်တိုနဲ့ ရှော်လ်ကေးအသင်းတို့ နောက်တစ်ဆင့်ကို ထပ်မံတက်ရောက်နိုင်ခဲ့ကြပါတယ်။

ဒုတိယနေ့ပွဲရလဒ်များ

အက်သလက်တီကို ၂-o မိုနာကို

ဒေါ့မွန် ၀-၀ ကလပ်ဘရုဂေး

PSV ၁-၂ ဘာစီလိုနာ

စပါး ၁-၀ အင်တာမီလန်

PSG ၂-၁ လီဗာပူးလ်

နာပိုလီ ၃-၁ ဇဗက်ဒါ

လိုကိုမိုးတစ်မော်စကို ၂-၀ ဂါလာတာစာရေး

ပေါ်တို ၃-၁ ရှော်လ်ကေး

Most Read

Most Recent