နေမာကို လာမည့်ရာသီ၌ ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀၀)ဖြင့် လာလီဂါသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုရန် PSG အသင်း သဘောတူညီမှု ပြုလုပ်ထား

နေမာကို လာမည့်ရာသီ၌ ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀၀)ဖြင့် လာလီဂါသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုရန် PSG အသင်း သဘောတူညီမှု ပြုလုပ်ထား
Photo : AFP
Photo : AFP
Published 27 November 2018

PSG အသင်းသည် ဘရာဇီးလ်တိုက်စစ်မှူး နေမာကို လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လာလီဂါသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုရန် သဘောတူညီမှုပြုလုပ်ထားကြောင်း ဘာစီလိုနာအခြေစိုက် ရုပ်သံသတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

နေမာသည် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ယခုပမာဏဝန်းကျင်ဖြင့်ပင် ရောက်ရှိခဲ့သူဖြစ်ပြီး ပြင်သစ်တွင် မပျော်မရွှင် ဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် အသင်းဟောင်း ဘာစီလိုနာအသင်းက ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေသလို၊ ပြိုင်ဘက် ရီးယဲလ်အသင်းကလည်း ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရှိရသည်။

နေမာသည် အနာဂတ်ဘောလုံးလောက၌ အတောက်ပ ဆုံးဖြစ်လာမည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး စီရော်နယ်လ်ဒို နှင့် မက်ဆီတို့၏ လောင်းရိပ်အောက်မှ လွတ် မြောက်အောင် PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟုလည်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

သို့သော် PSG အသင်းမှာ ဥရောပ ဘောလုံးလောကတွင် ထင်သလောက်အောင် မြင်မှု ရယူနိုင်ခြင်းမရှိသည့်အတွက် စပိန်သို့ ပြန်ရန် ဆန္ဒရှိနေပြီး PSG အသင်းကလည်း ဘဏ္ဍာရေးပြဿနာကြောင့် သဘောတူညီမှု ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စပိန်မီဒီယာအများစုကမူ နေမာသည် ရီးယဲလ်အသင်းထက် ဘာစီလိုနာအသင်းသို့ ပြန်ရောက်ဖွယ်ရှိသည်ဟု မှန်းဆနေကြသည်။

Most Read

Most Recent