ကာဇက်စတန် နှင့် လတ်ဗီးယား (ကြာသပတေးည ၉း၃၀ နာရီ)
ဒီအုပ်စုမှာ ဂျော်ဂျီယာက တန်းတက်သွားခဲ့ပြီဖြစ်ပြီး ကျန်အသင်းတွေကလည်း တန်းဆင်းအန္တရာယ်မရှိလို့ ဘာဖိအားမှ
မရှိတဲ့ပွဲတွေပါ။ ဂုဏ်သိက္ခာအရသာကစားကြမှာဖြစ်ပြီး ခြေစွမ်းပိုကောင်းတဲ့ အိမ်ရှင်ကာဇက်စတန်ကိုကြိုက်တယ်။
ဘယ်လ်ဂျီယံ နှင့် အိုက်စလန် (သောကြာနံနက် ၂း၁၅ နာရီ)
အိုက်စလန်အသင်းက တန်းဆင်းဖို့ သေချာသွားပြီဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းကတော့ ဒီအုပ်စုမှာ (၂)ပွဲကစား၊ (၂)ပွဲစလုံး
အနိုင်ရထားပါတယ်။ ဒီပွဲနိုင်ရင်တောင် နောက်ဆုံးကစားမယ့်ပွဲမှာ ဆွစ်ဇာလန်အသင်းကို ပထမအကျော့တုန်းက နိုင်ထားတဲ့ (၂
-၁)ထက် ပိုဆိုးတဲ့ရလဒ်နဲ့ရှုံးရင် အုပ်စုဒုတိယပဲ ရမှာဖြစ်လို့ သိပ်တော့အရေးမပါတဲ့ပွဲလို့ ပြောလို့ရတယ်။ ဒါပေမဲ့
ဂိုးကွာခြားချက်ကိုအားသာမှုတစ်ခုအနေနဲ့ ယူထားရင် (၂-၁)နဲ့ ပြန်ရှုံးရင်လည်း အုပ်စုဗိုလ်နေရာရမှာဖြစ်တဲ့အပြင်၊ လက်ရှိ တိုး
တက်နေတဲ့အရှိန်ကိုလည်း ဘယ်လ်ဂျီယံအသင်းအပျက်ခံမှာ မဟုတ်ဘူး။ ပထမအကျော့က အဝေးကွင်းမှာ (၀-၃) ဂိုးနဲ့နိုင်ခဲ့
သလို ဒီပွဲလည်း ဂိုးပြတ်မှာပဲ။
ခရိုအေးရှား နှင့် စပိန် (သောကြာနံနက် ၂း၁၅ နာရီ)
ခရိုအေးရှားက စပိန်မြေပေါ်မှာ အရှက်တကွဲအရှုံးပေးခဲ့ရတာကို ပြန်လက်စားချေရမယ့်ပွဲပါ။ လက်ရှိအနေအထားအရ ဒီအုပ်စုမှာ
ခရိုအေးရှားက League B ကို ဆင်းရဖို့များနေပြီး ဒီပွဲကို မဖြစ်မနေအနိုင်ကစားမှ တန်းမဆင်းရဖို့ မျှော်လင့်နိုင်တဲ့
အနေအထားဖြစ်နေတယ်။ စပိန်က ဒီပွဲပြီးရင် ပွဲကုန်ပါပြီ။ ဒါပေမဲ့ (၆)မှတ်ရထားတဲ့အတွက် တန်းမဆင်းရဖို့ သေချာသွားပြီဖြစ်
ပေမယ့် အုပ်စုဗိုလ်နေရာရဖို့ဆိုရင်တော့ အနည်းဆုံး သရေတစ်မှတ်လိုမယ်၊ အနိုင် (၃)မှတ်ရရင်တော့ စိတ်ချသွားရပြီဖြစ် တယ်။
လက်ရှိအနေအထားအရ စပိန်အသင်းက ခရိုအေးရှားထက် ပိုကောင်းပေမယ့် အုပ်စုတွင်း (၃)သင်းပတ်လည်ရလဒ်တွေကို
ကြည့်တဲ့အခါ စပိန် (၆-၀) ခရိုအေးရှား ဆိုတဲ့ ပွဲရလဒ်တစ်ခုပဲ အံ့သြစရာဖြစ်ခဲ့ပြီး ကျန်ပွဲတွေက ခြေမကွာ၊ ရလဒ်မကွာခဲ့တာ
ကိုတွေ့ရတယ်။ ဒီပွဲမှာ ပုံမှန်အတိုင်းဆိုရင် ခရိုအေးရှားက စပိန်ကို ဒုက္ခပေးနိုင်တဲ့အနေအထားရှိနေပြီး အမှတ်လိုအပ်ချက်အ
ရလည်း ခရိုအေးရှားအတွက်က ပိုအရေးကြီးနေပါတယ်။ စပိန်လောက်အင်အားမတောင့်ပေမယ့် မန်ဇူကစ်၊ ပါရီဆစ်၊ မိုဒရစ်၊
ရာကီတစ်၊ ကိုဗာချစ်တို့ရဲ့ ခရိုအေးရှား အနည်းဆုံး သရေတစ်မှတ်ယူနိုင်လိမ့်မယ်။
သြစတြီးယား နှင့် ဘော့စနီးယား (သောကြာနံနက် ၂း၁၅ နာရီ)
ဒီအုပ်စုမှာ မြောက်အိုင်ယာလန်အသင်းက တန်းဆင်းသွားပြီဖြစ်ပြီး ဒီနှစ်သင်းက အုပ်စုဗိုလ်လုရမယ့် အသင်းတွေဖြစ်တယ်။
ဘော့စနီးယားအသင်းက အုပ်စုတွင်းမှာ (၃)ပွဲစလုံးနိုင်ထားပြီး သြစတြီးယားအသင်းကတော့ ဘော့စနီးယားကွင်းမှာ (၁-၀)နဲ့ ရှုံး၊
အိမ်ကွင်းမှာ မြောက်အိုင်ယာလန်အသင်းကို (၁-၀)ဂိုးနဲ့ နိုင်ထားတယ်။ ဘော့စနီးယားအတွက် လိုအပ်နေတာက
သရေတစ်မှတ်သာဖြစ်ပြီး သြစတြီးယားအသင်းကတော့ ဒီပွဲနိုင်ပြီးရင် နောက်ပွဲမှာ မြောက်အိုင်ယာလန်အသင်းကို
အဝေးကွင်းမှာ ထပ်နိုင်မှ အုပ်စုဗိုလ်နေရာအတွက် ဘော့စနီးယားအသင်းနဲ့ အမှတ်တူမှာဖြစ်ပြီး Head to Head ရလဒ်ကို ဆက်
စဉ်းစားရမယ့်သဘောလည်းဖြစ်တယ်။ ဒီပွဲမှာ ဘော့စနီးယား အသင်းက ရှုံးခဲ့ရင်တောင် (၁-၂၊ ၂-၃)လို ရလဒ်မျိုးတွေဆိုရင်
League A ကို တက်ဖို့ သေချာသွားပါပြီ။ လိုအပ်နေတဲ့ရလဒ်ကို ဘော့စနီးယားအသင်း ယူနိုင်ပါလိမ့်မယ်။
ဟန်ဂေရီ နှင့် အက်စ်တိုးနီးယား (သောကြာနံနက် ၂း၁၅ နာရီ)
ဟန်ဂေရီနဲ့ အက်စ်တိုးနီးယား နှစ်သင်းစလုံးက တန်းတက်ဖို့အခွင့်အရေးမရှိကြတော့ပါဘူး။ ဒီနှစ်သင်းက အုပ်စုတွင်း (၄)
သင်းရပ်တည်မှုမှာ အဆင့် (၃)နေရာလုပြီး၊ League C မှာ ဆက်ရှိနေအောင်ကြိုးစားရမယ့်အသင်းတွေပါ။ ပထမအကျော့
တွေ့ဆုံမှုမှာ (၃)ဂိုးစီသရေကျထားပြီး ဒီပွဲမှာတော့ အိမ်ရှင်ဟန်ဂေရီ ရလဒ်ကောင်းပါလိမ့်မယ်။
ဂရိ နှင့် ဖင်လန် (သောကြာနံနက် ၂း၁၅ နာရီ)
ဖင်လန်က (၄)ပွဲကစား (၄)ပွဲနိုင်ထားတဲ့အသင်းဖြစ်ပြီး ဂရိကွင်းမှာ သရေကျခဲ့ရင် တန်းတက်ပါပြီ။ ရှုံးခဲ့ရင်တောင်
ဟန်ဂေရီနဲ့ပွဲမှာ တစ်မှတ်ရရင် တန်းတက်မှာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။ လက်ရှိခြေစွမ်းအရဆိုရင်လည်း ဖင်လန်က ဂရိထက်ပို
ကောင်းတဲ့အနေအထားဖြစ်လို့ ဖင်လန်ပဲကြိုက်တယ်။
အန်ဒိုရာ နှင့် ဂျော်ဂျီယာ (သောကြာနံနက် ၂း၁၅ နာရီ)
ဒီအုပ်စုမှာ ရာနှုန်းပြည့်နိုင်၊ ပေးဂိုးမရှိ၊ တန်းတက်ဖို့သေချာနေတဲ့ ဂျော်ဂျီယာအတွက် အန်ဒိုရာလိုအသင်းမျိုးကို အနိုင်ကစားဖို့
အခက်အခဲမရှိပါဘူး။ အဝေးကွင်းဆိုပေမယ့် ဂျော်ဂျီယာပဲ နိုင်ပါလိမ့်မယ်။
ဆန်မာရီနို နှင့် မော်လ်ဒိုဗာ (သောကြာနံနက် ၂း၁၅ နာရီ)
ဥရောပရဲ့အားအနည်းဆုံး၊ အညံ့ဆုံးအသင်းတွေဖြစ်ပြီး ဆန်မာရီနိုကတော့ အသင်းတိုင်းထက် ပိုဆိုးတဲ့အသင်းလို့ပြော
လို့ရတယ်။ မော်လ်ဒိုဗာက အိမ်ကွင်းမှာ (၂-၀)နဲ့နိုင်ခဲ့ဖူးသလို ဒီပွဲမှာလည်း ဒီရလဒ်လောက်နဲ့အနိုင်ယူဦးမှာပါ။
လူဇင်ဘတ် နှင့် ဘီလာရုစ် (သောကြာနံနက် ၂း၁၅ နာရီ)
တန်းတက်ခွင့်အတွက် အရမ်းအရေးကြီးတဲ့ပွဲပါ။ လူဇင်ဘတ်က အုပ်စုဗိုလ်၊ ဘီလာရုစ်က အုပ်စုဒုတိယနေရာမှာရှိပြီး
သရေဆိုရင်တော့ လူဇင်ဘတ်အခြေအနေကောင်းပါပြီ။ ပထမ အကျော့မှာ ဘီလာရုစ်က နိုင်ထားပြီး ဒီပွဲက အိမ်ရှင်အလှည့်ပါ။