ရှားပါးစာရင်းဝင် အာဖရိကကျားသစ်နက်ကို မှောင်ခိုကူးသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ရှားပါးစာရင်းဝင် အာဖရိကကျားသစ်နက်ကို မှောင်ခိုကူးသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
Published 10 April 2026

ရှားပါးစာရင်းဝင် အာဖရိကကျားသစ် နက်ကို မှောင်ခိုကူးသည့် မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးလိုက် သည်ဟု Thai Enquirerက သတင်းဖော်ပြ သည်။

ခုနစ်လသားအရွယ်ရှိ အာဖရိကကျား သစ်နက်ကို မှောင်ခိုကူးလာသည့် မြန်မာနိုင်ငံ သားနှစ်ဦးကို တာ့ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထား သည်။

ထိုင်းရဲတပ်ဖွဲ့က စောနှင့် ခင် အမည်ရှိ မြန်မာနိုင်ငံသားနှစ်ဦးကို ဧပြီ ၈ ရက်က ဈေး ဝယ်စင်တာတစ်ခု၏ ကားပါကင်နေရာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကအမြန်ချော ပို့လုပ်ငန်းတစ်ခုမှ ကြောင်အမည်ပေးထား သည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို ပေး ပို့နေသည်ဆိုသည့် သတင်းပေးချက်တစ်ခုကို ဧပြီ ၆ ရက်တွင် ထိုင်းအာဏာပိုင်များကလက် ခံရရှိခဲ့ပြီးနောက် စောင့်ကြည့်နေခဲ့ခြင်းဖြစ် ကာ အာဖရိကကျားသစ်နက်ကို မှောင်ခိုကူး နေသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ်သည်။

မှောင်ခိုကူးသူများမှာ တိုယိုတာ လင်ခရူ ဇာ ကားတစ်စီးဖြင့်ရောက်ရှိလာခဲ့ပြီး လှောင် အိမ်အတွင်းရှိ တိရစ္ဆာန်ကို ထုတ်ယူခဲ့ခြင်းဖြစ် ကြောင်း၊ ၎င်းင်းတို့က နယ်စပ်ကိုဖြတ်ကျော်ကာ သယ်ဆောင်ရန် ကြိုးပမ်းစဉ် ထိုင်းအာဏာပိုင် များက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ် နှင့် လက်ကိုင်ဖုန်းကိုလည်း သိမ်းဆည်းခဲ့သည် ဟု သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများက အဆိုပါတိရစ္ဆာန် ကို ကျားသစ်နက်ဟု မသိရှိဘဲ ကြောင်တစ် ကောင်ဟုသာ ထင်မှတ်ခဲ့ကြောင်း၊ မြဝတီမြို့ ရှိ အသိမိတ်ဆွေတစ်ဦးထံ ပို့ဆောင်ပေးရန်  ဘတ် နှစ်သောင်းခွဲဖြင့် လက်ခံခဲ့ခြင်းဖြစ်သည် ဟု ထွက်ဆိုခဲ့သည်။

အဆိုပါ ကျားသစ်နက်ပေါက်ကို မြဝတီ ရှိ ရွှေကုက္ကိုလ်သို့ ပို့ဆောင်ရန် ရည်ရွယ်ထား ပုံရကြောင်း၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာ နိုင်ငံတို့တွင် လှုပ်ရှားနေသည့် နိုင်ငံဖြတ်ကျော် တောရိုင်းတိရစ္ဆာန်မှောင်ခိုဂိုဏ်းနှင့် ဆက် နွှယ်နိုင်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။

လက်ရှိတွင် ကျားသစ်နက်ပေါက်အား ရတ်ချ်ဘူရီရှိ တောရိုင်းတိရစ္ဆာန် ကယ်ဆယ် ရေးစင်တာသို့ ပို့ဆောင်ပြီး ပြုစုစောင့်ရှောက် ထားကြောင်းသိရသည်။

Most Read

Most Recent