■ ရေးမြို့နယ်အတွင်း ငွေကျပ်သိန်း ၅၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

■ ရေးမြို့နယ်အတွင်း ငွေကျပ်သိန်း ၅၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Published 25 March 2026

ရေးမြို့နယ်အတွင်း ငွေကျပ်သိန်း ၅၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအနီးတွင် အသက် (၃၄) နှစ်အရွယ် ဒေဝါစိုး (ခ) ကလိုင်း ဆိုသူ မောင်းနှင်လာသည့် TOYOTO HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေး ငွေကျပ်သိန်း ၅၇၀၀ ကျပ်) နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ဒေဝါစိုး (ခ) ကလိုင်း ဆိုသူအား သက်ဆိုင်ရာက စစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေဆဲဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေဝါစိုး (ခ) ကလိုင်း ဆိုသူအား  ရေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent