နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး တောထဲတွင် ပစ်ထားခံရသည့် ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး တောထဲတွင် ပစ်ထားခံရသည့် ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ
Published 31 October 2025

နယ်စပ်မှတစ်ဆင့် တရားမဝင်ဝင် ရောက်လာပြီး တောထဲတွင် ပစ်ထားခံရသည့် ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံ သား ၁၅ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Khaosod English က သတင်းဖော်ပြသည်။

အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ Rim Si Muang ခရိုင်ရှိ တောအုပ်ထဲတွင် ပုန်းအောင်နေသည့် မြန်မာနိုင်ငံသား ၁၅ ဦးနှင့် တရုတ်နိုင်ငံသား ငါးဦးတို့ကို ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့မှာ နယ်စပ်တောလမ်းများက ဝင်ရောက်လာခြင်းဖြစ်ပြီး မော်တော်ယာဉ်တစ်စီးက လာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် Rim Si Muang ခရိုင် Khao Kho သို့ ရောက်ရှိချိန်တွင် ယင်းမော်တော်ယာဉ်ပေါ်မှ ဆင်းခိုင်းကာ အခြားမော်တော် ယာဉ်တစ်စီးက လာခေါ်မည်ဟု ပြောဆိုကာ ထားခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ရက်ကျော်ကြာစောင့်ဆိုင်းနေသော်လည်း မော်တော်ယာဉ် က လာရောက်ခေါ်ဆောင်ခြင်းမရှိကြောင်း၊ ၎င်းတို့ကို ထိုင်းဒေသခံရွာသားများက တွေ့ရှိ ပြီး အာဏာပိုင်များကို အကြောင်းကြားသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသမီးအချို့နှင့် ကလေးငယ်တစ်ဦးလည်း ပါဝင်လျက်ရှိပြီး လူလတ်ပိုင်းအရွယ်အမျိုးသားများလည်း ပါဝင်သည်ကို သတင်းဌာနက ဖော်ပြသည့် သတင်းဓာတ်ပုံတွင် တွေ့ရှိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၅ ဦးနှင့် တရုတ်နိုင်ငံသား ငါးဦးကို ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် စွဲချက်တင်ကာလမ်ဆတ်ခရိုင်တရားရုံးသို့ ပို့ဆောင်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent