■ တောင်သာမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် ဆည်မြောင်းဌာနမှ ယန္တရားမောင်းဝန်ထမ်းတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်

■ တောင်သာမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် ဆည်မြောင်းဌာနမှ ယန္တရားမောင်းဝန်ထမ်းတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်
Published 2 October 2025

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့်လိုက်ပါလာသည့် ဆည်မြောင်းဌာနမှ ယန္တရားမောင်းဝန်ထမ်းတစ်ဦးကို စက်တင်ဘာ ၂၈ ရက်က PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

တောင်သာမြို့နယ် တောင်သာ-ဇဂျမ်း-မြင်းခြံကားလမ်းပေါ် ကျောက်ဖူးကျေးရွာလမ်းခွဲအနီးတွင် စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီခွဲခန့်၌ PDF များက မော်တော်ယာဉ်များကို တားဆီးစစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးစဉ် နေပြည်တော်မှ မြင်းခြံမြို့သို့ လာသည့် ပြည်တော်အေး ခရီးသည်တင်မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(နေပြည်တော်)၊ စက်မှုအလုပ်ရုံဌာနခွဲမှ ယန္တရားမောင်း(၄)ဖြစ်သူ ဦးသန်းထွန်းအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းတစ်ဦးအား ဖမ်းဆီးသွားသူများကို  ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent