■ တောင်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ဘေးတွဲမောင်းသူတစ်ဦးက ချွန်ထက်သည့်အရာဖြင့် ထိုးပြီး ထွက်ပြေး

■ တောင်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ဘေးတွဲမောင်းသူတစ်ဦးက ချွန်ထက်သည့်အရာဖြင့် ထိုးပြီး ထွက်ပြေး
Published 24 September 2025

တောင်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ဘေးတွဲမောင်းသူတစ်ဦးက ချွန်ထက်သည့်အရာဖြင့် ထိုးပြီး ထွက်ပြေးခဲ့ကြောင်း မေတ္တာသီတာရေစင်အသင်းမှ ကိုအောင်မြင့်မြတ်က ပြောကြားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီခန့်က တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် ပါရမီလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"အဲ့ဒီအစ်မက သူ့အိမ်ရှေ့မှာ မတ်တတ်ရပ်နေတာ။ အဲ့ဒီအချိန် ဘေးတွဲမောင်းတဲ့သူနဲ့ နောက်တယောက်က လိပ်စာမေးတယ်။ အဲ့ဒီအစ်မက မသိဘူးလို့ ပြောတဲ့အချိန် လည်ပင်းကို ထိုးပြီး ထွက်ပြေးသွားတာ။ ဓားလို့လည်း ပြောလို့မရဘူး။ ဒဏ်ရာအပေါက်က ခပ်သေးသေးပဲ။ ခန့်မှန်းတာတော့ ဆန်ထိုးပိုက်လိုမျိုး စကေဘာလိုဟာမျိုးနဲ့ ထိုးတယ်လို့ ယူဆရတယ်။ လည်ပင်းကိုဆိုတော့ သွေးတော့ တော်တော်ထွက်သွားတယ်။ ကျွန်တော်တို့လည်း သူ့ကို သွေးတိတ်အောင် အရေးပေါ်ကုသပေးပြီး ဆေးရုံကို ပို့လိုက်တယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး" ဟု ကိုအောင်မြင့်မြတ်က ပြောကြားသည်။

ယင်းသို့ အထိုးခံရသည့်အချိန်တွင် အော်ဟစ်အကူအညီတောင်းခံသဖြင့် အနီးအနားရှိ မိုဘိုင်းဖုန်းဆိုင်မှ လုံခြုံရေးများ၊ ပတ်ဝန်းကျင်နေသူများ ပြေးထွက်လာသဖြင့်

ဘေးတွဲမောင်းသူနှင့်အတူ အခြားတစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent