စပိန်အသင်း ကမ္ဘာ့အဆင့် နံပါတ်(၁)နေရာကို ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ

စပိန်အသင်း ကမ္ဘာ့အဆင့် နံပါတ်(၁)နေရာကို ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ
Photo: X
Photo: X
Published 19 September 2025

စပိန်လက်ရွေးစင်ဘောလုံးအသင်းဟာ ကမ္ဘာ့အဆင့်နံပါတ်(၁)နေရာကို ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

စပိန်အသင်းဟာ ဒီလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဘူလ်ဂေးရီးယားနဲ့ တူရကီတို့ကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ကမ္ဘာ့အဆင့်(၂)ဆင့် မြင့်တက်လာပြီး ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စပိန်အသင်းဟာ ၂၀၁၁ အောက်တိုဘာကနေ ၂၀၁၄ ဇူလိုင်လအထိ ကမ္ဘာ့အဆင့် နံပါတ်(၁)နေရာမှာ ကာလရှည်ရပ်တည်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပါ။

စက်တင်ဘာလ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဗင်နီဇွဲလားကို နိုင်ပြီး အီကွေဒေါကို ရှုံးနိမ့်ခဲ့တဲ့ အာဂျင်တီးနားအသင်းကတော့ စပိန်နဲ့ ပြင်သစ်တို့ရဲ့ ကျော်တက်ခြင်းခံခဲ့ရပြီး တတိယနေရာအထိ ဆင်းပေးခဲ့ရပါတယ်။

မြောက်အိုင်ယာလန်ကို နိုင်ပြီး ဆလိုဗက်ကီးယားကို ရှုံးခဲ့တဲ့ ဂျာမနီကတော့ ထိပ်ဆုံး(၁၀)သင်းစာရင်းရဲ့အပြင်ဘက် အဆင့်(၁၂)နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။

မြန်မာအသင်းကတော့ ကမ္ဘာ့အဆင့် (၁၆၀)နေရာမှာ အရင်အတိုင်း ဆက်ရှိနေခဲ့ပါတယ်။

Most Read

Most Recent