အလုံလမ်းနှင့် ပြည်လမ်းထောင့်တွင် အိမ်စီးမော်တော်ယာဉ်တစ်စီး လမ်းလယ်ကျွန်းသစ်ပင်ကို ဝင်တိုက်ရာမှ ယာဉ်မောင်းသူအမျိုးသား သေဆုံးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
စက်တင်ဘာ ၄ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ဒဂုံမြို့နယ် အလုံလမ်းနှင့်ပြည်လမ်းထောင့်တွင်ကိုယ်ပိုင်ကားတစ်စီးမှ လမ်းလယ်ကျွန်းသစ်ပင်အား ဝင်တိုက်မိရာမှတိုက်မိသည့်အရှိန်ဖြင့် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ ကားခေါင်းခန်းအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ သေဆုံးခဲ့သည့် ယာဉ်မောင်းအမျိုးသား၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။















