နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အစ်ဝစ်ချ်အသင်းက အင်္ဂလန်တောင်ပံကစားသမား ဟတ်ချင်ဆန်နဲ့ မန်စီးတီးအသင်းက အင်္ဂလန်ကွင်းလယ်ကစားသမား မက်အတီးတို့ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဟတ်ချင်ဆန်အတွက် ပြောင်းရွှေ့ကြေးပေါင်(၃၇.၅)သန်း ပေးချေရမှာဖြစ်ပြီး မက်အတီးအတွက် ပေါင်သန်း(၃၀) ပေးချေရမယ်လို့ သိရပါတယ်။
ဟတ်ချင်ဆန်(၂၁ နှစ်)ဟာ လူငယ်ကစားသမားဘဝကို ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတွေမှာ ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာမှ ချယ်လ်ဆီးကနေ အစ်ဝစ်ချ်ကို ရောက်ရှိခဲ့တာပါ။
မက်အတီး(၂၂ နှစ်)ကတော့ မန်စီးတီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ(၂၇)ပွဲ ကစားခွင့်ရခဲ့ပါတယ်။
မန်စီးတီးက မက်အတီးကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ ရောင်းထုတ်ခဲ့ပေမဲ့ ဆန္ဒရှိရင် ပြန်လည်ခေါ်ယူနိုင်မယ့် သဘောတူညီချက် ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။















