ချယ်လ်ဆီးအသင်းက ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူဟာ လက်ရှိအသင်းနဲ့ လမ်းခွဲလိုပေမဲ့ ထိပ်သီးအသင်းတစ်သင်းကိုသာ ပြောင်းရွှေ့ကစားလိုကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက အန်ကွန်ကူ(၂၇ နှစ်)ကို ၂၀၂၃ နွေရာသီကမှ ပေါင်(၅၂)သန်းနဲ့ ခေါ်ယူထားပေမဲ့ ဒီနွေမှာ ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။
အန်ကွန်ကူကလည်း ပွဲကစားခွင့်ပိုရမယ့်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေက ကမ်းလှမ်းခဲ့ကြပေမဲ့ အန်ကွန်ကူက ငြင်းဆန်ခဲ့ ပါတယ်။
ကမ်းလှမ်းခဲ့တဲ့အသင်းတွေက ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်တန်းစားအသင်းတွေသာဖြစ်ပြီး အန်ကွန်ကူက ထိပ်တန်းအသင်းတွေရဲ့ ကမ်းလှမ်းမှုကိုသာ စောင့်မျှော်နေကြောင်း သိရပါတယ်။
အင်တာမီလန်အသင်းက အန်ကွန်ကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)ဝန်းကျင် အလိုရှိနေတာကြောင့် အခက်တွေ့နေကြောင်း သိရပါတယ်။















