ဘရန့်ဖို့ဒ်အသင်းနဲ့ ဟန်ဒါဆန် (၂)နှစ်စာချုပ် ချုပ်ဆိုမယ်

ဘရန့်ဖို့ဒ်အသင်းနဲ့ ဟန်ဒါဆန် (၂)နှစ်စာချုပ် ချုပ်ဆိုမယ်
Photo: Getty Images
Photo: Getty Images
Published 11 July 2025

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဟန်ဒါဆန်ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။

ဟန်ဒါဆန်(၃၅ နှစ်)ဟာ ဇူလိုင်(၉)ရက်မှာ အေဂျက်စ်အသင်းနဲ့ လမ်းခွဲပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေသူပါ။

ဟန်ဒါဆန်က အေဂျက်စ်နဲ့ ၂၀၂၆ အထိ စာချုပ်ထားပေမဲ့ တစ်နှစ်အလိုမှာ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်မှာ ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ ဆန္ဒရှိနေတာကြောင့် အခြားအသင်းတွေထက် ဘရန့်ဖို့ဒ်အသင်းက အခွင့်ရေးရခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုတွေလည်း အဆင်ပြေသွားပြီဖြစ်တာကြောင့် မကြာခင် လက်မှတ်ရေးထိုးတော့မယ်လို့ သိရပါတယ်။

ဟန်ဒါဆန်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

Most Read

Most Recent