ဧရာဝတီတိုင်း ကျောင်းကုန်မြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အား ဝင်တိုက်မိပြီး တစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ်(၇၇/၇)မိုင်တွင် ကျုံပျော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ခရီးသည်ယာဉ် တစ်စီး လမ်းဘေးသို့ ထိုးကျပြီး သစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်နေရာသို့ ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၎င်းတို့အား ကျောင်းကုန်းလူငယ်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျောင်းကုန်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။















