ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ပြုလုပ်

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ပြုလုပ်
Published 17 March 2025

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် မတ် ၁၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကျောင်းအသီးသီး၌ မတ် ၁၇ ရက် နံနက်ပိုင်းက ပြည်သူ့ စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၁) သင်တန်း ဖွင့်ပွဲများ ပြုလုပ်ကြပြီး သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ် ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိ သူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင် တန်းအမှတ်စဉ်(၁၁)မှ သင်တန်းသားများ အား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ပစ္စည်းများ ပေးအပ် ကြပြီး သင်တန်းသားများအား လိုက်လံနှုတ် ဆက်အားပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းအပတ် စဉ်(၂)ကို မေ ၁၄ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်(၃)ကို ဇွန် ၂၅ ရက်တွင် လည်းကောင်း၊ သင်တန်းအမှတ်စဉ်(၄)ကို သြဂုတ် ၅ ရက်တွင်လည်းကောင်း၊ သင်တန်း အမှတ်စဉ်(၅)ကို စက်တင်ဘာ ၉ ရက်တွင် လည်းကောင်း၊ သင်တန်းအမှတ်(၆) သင်တန်း များအား အောက်တိုဘာ ၂၁ ရက်တွင်လည်း ကောင်း၊ သင်တန်းအမှတ်(၇)ကို နိုဝင်ဘာ ၂၆ ရက်တွင်လည်းကောင်း၊  သင်တန်းအမှတ် (၈)ကို ဒီဇင်ဘာ ၂၃ ရက်တွင်လည်းကောင်း အသီသီးဖွင့်လှစ်ခဲ့သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်(၉)အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ် (၁၀) ကို ဖေဖော်ဝါရီ ၁၀ ရက်တွင်လည်း ကောင်း အသီးသီးဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း  အမှတ်(၁)မှ အမှတ်(၈)အထိ သင်တန်းတက် ရောက်ပြီးသူများ သင်တန်းပြီးဆုံး၍ သင် တန်းဆင်းကာ  တပ်ရင်း^တပ်ဖွဲ့အသီးသီးတွင် ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်တစ်ခု လျှင်  သင်တန်းသားဦးရေ ၅၀၀၀ ခန့်ခေါ်ယူမည် ဖြစ်ကြောင်း နစက၏ယခင်ထုတ်ပြန်ပြောဆိုမှုအရ သိရသည်။

Most Read

Most Recent