နစက ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ ပန်းခွေချအလေးပြု

နစက ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ ပန်းခွေချအလေးပြု
Published 4 March 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ  နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ယနေ့(မတ် ၄ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ ပန်းခွေချ အလေးပြုခဲ့ကြသည်။

အညတရစစ်သည်ဂူဗိမာန်၌ ပန်းခွေချ အလေးပြုခြင်း အခမ်းအနားသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်ဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ နစက ဥက္ကဋ္ဌ၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် မိုးကျော်တို့ တက်ရောက်ခဲ့သည်။

Most Read

Most Recent