အမေရိကန်အစိုးရသင်္ဘောများ ပနားမားတူးမြောင်းကို အခမဲ့ဖြတ်သန်းနိုင်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အမေရိကန်အစိုးရသင်္ဘောများ ပနားမားတူးမြောင်းကို အခမဲ့ဖြတ်သန်းနိုင်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 6 February 2025

သမ္မတဒေါ်နယ်ထရန့်က ကြီးကြီးမားမားဖိအားပေးခဲ့ပြီးနောက် အမေရိကန်အစိုးရသင်္ဘောများသည် ပနားမား တူးမြောင်းကို အခမဲ့ဖြတ်သန်းတော့မည်ဟု ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်က ပြောကြားခဲ့သည်ဆို သော်လည်း ပနားမားတူးမြောင်းအာဏာပိုင်များက  ငြင်းပယ်ချက်ကို ချက်ချင်းထုတ်ပြန်ခဲ့သည်။

“အမေရိကန်အစိုးရ သင်္ဘောတွေဟာ ပနားမားတူးမြောင်းကို အခုအခမဲ့ဖြတ် သန်းနိုင်ပါတယ်။ အမေရိကန်အစိုးရအတွက်တစ်နှစ်ကို ဒေါ်လာသန်းချီ သက်သာစေခဲ့ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက X တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသည်ဖေဖော်ဝါရီ ၂ ရက် ဆွေးနွေးမှုများအတွင်း ပနားမားကလိုက်လျောချက်များကို ကမ်းလှမ်းခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ယခုထုတ်ပြန်ချက်သည် ယင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ မာကိုရူဘီယို၏ ပထမဆုံးလူသိရှင်ကြား ထုတ်ပြန်ချက်ဖြစ်သည်။ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့ကမူ သဘောတူညီချက်မရဟု ပြောကြားခဲ့သည်။ ထိုကိစ္စကို မည်သည့်ညှိနှိုင်းချက်မျှ လုပ်မထားကြောင်း ယင်းအာဏာပိုင်အဖွဲ့ ကထုတ်ပြန်ခဲ့သည်။ အမေရိကန်အာဏာပိုင်များနှင့်ဆွေးနွေးရန် အဆင်သင့်ရှိနေသည်ဟု ဖော်ပြခဲ့သည်။                              

Ref: AFP

Most Read

Most Recent