အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။
ထရန့်သည် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မည်ဟု ကြေညာထားပြီး အရှေ့အလယ်ပိုင်းတွင် ပါလက်စတိုင်းတို့အား ထောက်ပံ့ပေးနေသည့် ကုလသမဂ္ဂဆိုင်ရာ အထောက်အပံ့ပေးရေးအေဂျင်စီဖြစ်သည့် UNRWA ကို ရန်ပုံငွေ ဆက်လက်ထောက်ပံ့ပေးတော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်တို့သည် အစ္စရေးတောင်ပိုင်းကို ဝင်ရောက်ထိုးဖောက်တိုက်ခိုက်မှုတွင် UNRWA ၏ ဝန်ထမ်းများ ပါဝင်နေသည်ဟူသည့် သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်က အမေရိကန်သည် ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ခဲ့ပြီး ရန်ပုံငွေထောက်ပံ့မှုကိုလည်း ရပ်ဆိုင်းခဲ့သည်။
အစ္စရေးစစ်တပ်၏ အထောက်အထားများအရ UNRWA ၏ စာသင်ကျောင်းများသည် အကြမ်းဖက်သမားများအတွက် ခံတပ်သဖွယ်ဖြစ်နေပြီး အချို့ကိစ္စများတွင် အကြမ်းဖက်စစ်ဆင်ရေးများအတွက် အသုံးချစရာနေရာများ ဖြစ်နေသည်ဟု ဖော်ပြထားသည်။
ဟားမာ့စ်နှင့် အခြားစစ်သွေးကြွအုပ်စုများသည် UNRWA ကို အစ္စရေးအား တိုက်ခိုက်ရန်နှင့် အစ္စရေးစစ်သားများကို စစ်ဆင်ရေးပြုလုပ်ရန် အသုံးချနေသည်ဟု အစ္စရေးစစ်တပ်က ယူဆထားကြသည်။
Ref : Times of Israel















