ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ တရားမဝင် သွားရောက်မည့် မြန်မာနိင်ငံသား ၂၁ ဦး ဖိုးဖရာ့ မြို့နယ်တွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ တရားမဝင် သွားရောက်မည့် မြန်မာနိင်ငံသား ၂၁ ဦး ဖိုးဖရာ့ မြို့နယ်တွင် ဖမ်းဆီးခံရ
Published 29 January 2025
Photo  - Thai News

ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ တရားမဝင် သွားရောက်မည့် မြန်မာနိင်ငံသား ၂၁ ဦး သည် ဇန်နဝါရီ ၂၉ ရက် နံနက် ၁ နာရီခန့်က ဖိုးဖရာ့ မြို့နယ်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံဘက်မှ လာသော သတင်းများအရ သိရသည်။

 မဲဆောက် အပါအဝင် နယ်စပ်ငါးမြို့အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ မရှိစေရေးအတွက် ထိုင်းတပ်မတော် အမှတ် (၄၂၁) ခြေမြန်တပ်ရင်း နှင့် ဖိုးဖရရဲစခန်းမှ တာဝန်ရှိသူများသည် လှည့်ကင်းဆောင်ရွက်နေစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

နယ်စပ်လုံခြုံရေးပူးပေါင်းအဖွဲ့သည်  ဖိုးဖရာ့ မြို့နယ် ဘန်ဟွေ နမ်နတ်တောင်ကုန်းပေါ်ရှိ တဲအိမ်အတွင်း တရားမဝင် လူတစ်စုအားတွေ့ရှိစစ် ဆေးရာ တရားမဝင် ဝင်ရောက်လာသူများဖြစ် ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဖမ်းဆီးခံရသူများမှာ မြန်မာနိင်ငံသား အမျိုးသား ၁၅ ဦး ၊အမျိုးသမီး ၆ ဦးဖြစ်သည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာ နိုင်ငံသားများအား  ဆက်လက် စစ်ဆေးရာ မူးယစ် စိတ်ကြွဆေးပြား ၃၆ ပြား ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ ဘန်ကောက် နှင့် စမုပရာကန် မြို့နယ်တို့တွင် အလုပ် သွားရောက် လုပ်ကိုင် ကြမည့်သူများဖြစ်ပြီး ပွဲစားခ တစ်ဦးလျှင် ဘတ် ၁၈၀၀၀ ပေးခဲ့ရကြောင်း သိရသည်။

Photo  - Thai News


 

Most Read

Most Recent