သမ္မတအဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်သောနေ့တွင် ဒေါ်နယ်ထရန့်က သမ္မတအမိန့်အများအပြားကို လက်မှတ်ရေးထိုး

သမ္မတအဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်သောနေ့တွင် ဒေါ်နယ်ထရန့်က သမ္မတအမိန့်အများအပြားကို လက်မှတ်ရေးထိုး
Published 21 January 2025
Ref:AFP

သက်တမ်းသစ်၏ပထမဆုံးနေ့တွင် သမ္မတဒေါ်နယ်ထရန့်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် လွှတ်တော်ကို စီးနင်းဝင်ရောက်ခဲ့သူ အများအပြားအား လွတ်ငြိမ်းချမ်းသာခွင့်များအပါအဝင် ရာသီဥတုမှသည် လူဝင်မှုကြီးကြပ်ရေးအထိ သမ္မတအမိန့်များကို လက်မှတ်ရေးထိုးခဲ့သည်။

၎င်း၏အမိန့်များထဲက အချို့သည် ၂၀၂၄ မဲဆွယ်စည်းရုံးရေးကာလတွင် ၎င်းပေးထားသော ကတိများကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမေရိကန် နုတ်ထွက်လိုက်ခြင်းလို အခြားသော ကိစ္စများသည် မျှော်လင့်ထားသည့်ကိစ္စများမဟုတ်ပေ။

သမ္မတအဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်သောနေ့တွင် ထရန့်က လူဝင်မှုကြီးကြပ်ရေးကိစ္စကို ဦးစွာကိုင်တွယ်ခဲ့သည်။ ယင်းသည် အမေရိကန်ပြည်ထောင်စုက ရွှေ့ပြောင်းနှင့် နိုင်ငံသားဖြစ်မှုတို့ကို မည်သို့မည်ပုံစီမံခန့်ခွဲသလဲဆိုသည်ကို ပြန်လည်ပုံဖော်ရန် ရည်ရွယ်သော သမ္မတအမိန့်များကို လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

နိုင်ငံတောင်ပိုင်း၌ အမျိုးသားအရေးပေါ်အခြေအနေ ကြေညာခြင်းကိုလည်း ထရန့်က လက်မှတ်ရေးထိုးခဲ့သည်။

ထရန့်က စစ်တပ်ပါဝင်သည့် လူအများအပြား နေရပ်ပြန်ပို့ခြင်းကို ဆောင်ရွက်မည်ဟုလည်း ကတိပေးထားသည်။ ယင်းသို့နေရပ်ပြန်ပို့ရာတွင် ပြစ်မှုကျူးလွန်သော တိုင်းတစ်ပါးသားများဟု ၎င်းပြောကြားထားသည့် သူများကို ပစ်မှတ်ထားမည်ဟု ဆိုသည်။

ဘဲဥပုံရုံးခန်းတွင် ထရန့်က မွေးရာပါ နိုင်ငံသားဖြစ်ခွင့်အား ပြန်လည်ရုပ်သိမ်းသော အမိန့်ကို လက်မှတ်ထိုးခဲ့သည်။

သို့သော်လည်း အမေရိကန်နိုင်ငံတွင် မွေးဖွားသူတို့သည် အလိုအလျောက် အမေရိကန်နိုင်ငံသားဖြစ်ရမည်ဟု ဖွဲ့စည်းပုံတွင် ဆက်လက်ဖော်ပြထားခြင်းကြောင့် ထရန့်၏လုပ်ရပ်က ဥပဒေဆိုင်ရာ စိန်ခေါ်မှုကို ရင်ဆိုင်ရရန် သေချာနေသည်။

ထရန့်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် ကြိုးစားသော ၎င်းကို ထောက်ခံသူများထဲက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် လွှတ်တော်တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သူ  ၁၅၀၀ ထဲက အချို့ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့သည်။

ယင်းအဓိကရုဏ်းနှင့်ပတ်သက်၍ ပြစ်ဒဏ်စီရင်ခံရသူများ သို့မဟုတ် အပြစ်ရှိကြောင်း လျှောက်လဲခဲ့သူများကို ဓားစာခံများအဖြစ် ထရန့်က ထပ်မံရည်ညွှန်းခဲ့သည်။

ထရန့်သည် DV အစီအစဉ်ကို မြှင့်တင်သော သမ္မတအမိန့်များ၊ LGBTQ သာတူညီမျှဖြစ်မှုကို မြှင့်တင်သော သမ္မတအမိန့်များကို ရုပ်သိမ်းခဲ့ပြီး woke culture ကို တိုက်ခိုက်မှုနှင့်အညီလုပ်ဆောင်သည်ဟုဆိုသည်။

ရှေ့သို့တက်လှမ်းရာတွင် အမေရိကန်အစိုးရအဖွဲ့က အမျိုးသားနှင့်အမျိုးသမီးဆိုသည့် လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုမည်ဟု ထရန့်က ပြောကြားခဲ့သည်။

သမ္မတသည် ၎င်း၏ပထမသက်တမ်းအတွင်း လုပ်ဆောင်ခဲ့သည်ကို ထပ်မံလုပ်ဆောင်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုကို ပါရီရာသီဥတု သဘောတူစာချုပ်မှ ချက်ချင်း နုတ်ထွက်စေခဲ့သည်။

ယင်းသို့ လုပ်ဆောင်ခြင်းက ကမ္ဘာနှင့်အဝှမ်း ပြင်းထန်သော မိုးလေဝသဖြစ်စဉ်များအဖြစ် ကမ္ဘာကြီး ပူနွေးလာမှုကိုတိုက်ဖျက်ရန် တစ်ကမ္ဘာလုံးကြိုးပမ်းအားထုတ်မှုကို ထရန့်၏တွင်တွင် ငြင်းဆန်မှုအား တိုးချဲ့လိုက်ခြင်းဖြစ်သည်။ အမေရိကန်သည် ပါရီသဘောတူစာချုပ်မှ နုတ်ထွက်ရန် အချိန်တစ်နှစ်ကြာလိမ့်မည်ဖြစ်သည်။

ထရန့်ကအမေရိကန်၌ ရေနံတူးဖော်မှုကို သိသိသာသာတိုးချဲ့ဆောင်ရွက်ခြင်းကို ရည်ရွယ်သည့် အမျိုးသား စွမ်းအင်အရေးပေါ်အခြေအနေကို ကြေညာသည့် အမိန့်အား လက်မှတ်ရေးထိုးခဲ့သည်။

ထရန့်က အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ နုတ်ထွက်ရန် အမိန့်အားလက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်သည် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်သော WHO ထံ တရုတ်ထက် ပိုပေးနေရခြင်းသည် မမျှတဟု ထရန့်က ပြောသည်။                                    

Most Read

Most Recent