အိမ်ဖြူတော်တွင် ဘိုင်ဒင်က ထရန့်ကိုကြိုဆိုပြီး လက်ဖက်ရည်ဝိုင်းဖြင့် ဧည့်ခံ

အိမ်ဖြူတော်တွင် ဘိုင်ဒင်က ထရန့်ကိုကြိုဆိုပြီး လက်ဖက်ရည်ဝိုင်းဖြင့် ဧည့်ခံ
Photo: AFP
Photo: AFP
Published 20 January 2025

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့သည် နာရီပိုင်းအတွင်း အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ဇနီးသည် မီလာနီယာထရန့်တို့ကို အိမ်ဖြူတော်တွင် ကြိုဆိုဧည့်ခံခဲ့သည်။

ဘိုင်ဒင်၊ ဂျေးလ်ဘိုင်ဒင်နှင့် ထရန့်၊ မီလာနီယာ ထရန့်တို့သည် ထရန့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်မည် အမေရိကန်လွှတ်တော်သို့မသွားရောက်မီ ဘိုင်ဒင်တို့ဇနီးမောင်နှံက ထရန့်တို့ ဇနီးမောင်နှံကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုအချိန်အတောအတွင်း ထရန့်၏ မိသားစုဝင်များသည် ထရန့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပမည့် လွှတ်တော်အဆောက်အအုံထဲကို ဝင်သွားသည့် ဓာတ်ပုံများကို ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent