ပြည်တွင်းနိုင်ငံရေးဘောင်ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေး 7 EAO Alliance ဆွေးနွေး

ပြည်တွင်းနိုင်ငံရေးဘောင်ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေး 7 EAO Alliance ဆွေးနွေး
Published 14 January 2025

ပြည်တွင်းနိုင်ငံရေးဘောင်ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ ( 7 EAO Alliance)က ဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ - 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးအား ဇန်နဝါရီ ၁၄ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း 7 EAO Alliance ကထုတ်ပြန်သည်။

ယင်းအစည်းအဝေးတွင် သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က လည်းကောင်း၊ သဘာပတိ(၂)အဖြစ် ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 7 EAO Alliance  အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအား သုံးသပ်ခဲ့ကြကာ လက်ငင်းနိုင်ငံရေးအကျပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက်၂၀၂၅ ခုနှစ်အတွင်း  ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေးအခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ ငြိမ်ချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း 7 EAO Alliance က ထုတ်ပြန်သည်။

အဆိုပါ အစည်းအဝေးသို့ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအသီးသီးတို့၏ Coordinator များ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent