ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန်အတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေး နွေးခဲ့ကြသည့် ဦးစိုင်းညွန့်လွင်၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းကျော်ညွန့်တို့အပါအဝင် ညီလာခံကိုယ် စားလှယ် ၂၄၉ ဦးအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းလိုက် ကြောင်း နစက က ထုတ်ပြန်သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရ မည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသား ညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ညီ လာခံကိုယ်စားလှယ်များကို စွမ်းဆောင်မှုဆိုင် ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်တံဆိပ် (ပထမဆင့်)အား ချီးမြှင့်အပ်နှင်းကြောင်း ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်သည်။
စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခံ ရသူများတွင် အမျိုးသားညီလာခံတွင် ပါဝင် ဆွေးနွေးခဲ့ကြသည့် ညီလာခံကိုယ်စားလှယ် များဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် သိန်းငွေ (ငြိမ်း)၊ ရှမ်းပြည်နယ်မှ ဦးစိုင်းညွန့်လွင်၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းကျော် ညွန့်တို့အပါအဝင် ဌာနဆိုင်ရာအရာရှိကြီး များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ညီလာခံကိုယ်စားလှယ်များ လည်းပါဝင်ကြောင်း သိရသည်။















