အမေရိကန် ရွေးကောက်ပွဲကိုအဆုံးအဖြတ်ပေးသော ပြည်နယ်များ၌ မှတ်ပုံတင်ထားသော မဲဆန္ဒရှင်များထံ ဘီလျံနာအီလွန်မက်စ် အမေရိကန်ဒေါ်လာတစ်သန်းပေးခြင်းကို ရပ်တန့်ရန် နိုဝင်ဘာ ၄ ရက်တွင် ပင် ဆဲလ်ဗေးနီးယား တရားသူကြီးက ငြင်းပယ်လိုက်သည်။
ဖီလာဒယ်လ်ဖီးယားခရိုင်ရှေ့နေဖြစ်ပြီး ဒီမိုကရက်ဖြစ်သော လယ်ရီခရက်ဆနာက အီလွန်မက်စ်နှင့် ၎င်း၏ထရန့်လိုလားသော နိုင်ငံရေးဆိုင်ရာ အက်ရှင်ကော်မတီ America PAC တို့ကို လွန်ခဲ့သော သီတင်းပတ်တွင် တရားစွဲခဲ့ပြီးဆုငွေဒေါ်လာတစ်သန်းသည် တရားမဝင်ထီဆုဖြစ်သည်ဟု ပြောကြားခဲ့သည်။
နေ့စဉ် ဒေါ်လာတစ်သန်းမဲဖောက်ပေးခြင်းကို ပိတ်ခိုင်းရန် ခရက်ဆနာက မေတ္တာရပ်ခံခဲ့သည်။ သို့သော်လည်း အီလွန်မက်စ်၏ရှေ့နေများနှင့်အစိုးရရှေ့နေများ တက်ရောက်သောကြားနာမှုကို နိုဝင်ဘာ ၄ ရက်တွင် တစ်နေကုန်ပြုလုပ်ခဲ့ပြီးနောက် Common Pleas တရားရုံးတရားသူကြီး အိန်ဂျလို ဖိုဂလီယက်တာက နေ့စဉ်ဆုပေးနေသော အစီအစဉ်ကို ပိတ်ပင်ရန် ငြင်းဆန်ခဲ့သည်။
ပင်ဆဲလ်ဗေးနီးယားပြည်နယ်တွင် နောက်ထပ်ဒေါ်လာတစ်သန်းမဲဖောက်ပေးမည့်ကိစ္စကို စီစဉ်ထားခြင်းမရှိသော်လည်း တရားသူကြီးဖိုဂလီယက်တာက ၎င်း၏ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက် ချက်ချင်းမပေးခဲ့ပေ။
နိုဝင်ဘာ ၄ ရက် ကြားနာမှုကို အီလွန်မက်စ် တက်ရောက်ခဲ့ခြင်းမရှိပေ။
နည်းပညာ ဘီလျံနာအီလွန်မက်စ်က ၎င်းသည် အဆုံးအဖြတ်ပေးသော ပြည်နယ်များတွင် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်တစ်ဦးကို နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲအထိ တစ်နေ့ကို အမေရိကန် ဒေါ်လာတစ်သန်းပေးသွားမည်ဟု ပြောကြားခဲ့သည်။
Americs PAC ဝက်ဆိုက်၏ဖော်ပြချက်အရ လက်ရှိအချိန်ထိ ဒေါ်လာတစ်သန်း ပေါက်သူ ၁၆ ဦးရှိနေပြီး ၎င်းတို့ထဲက လေးဦးမှာ ပင်ဆဲလ်ဗေးနီးယားပြည်နယ်က ဖြစ်သည်ဟု သိရသည်။
ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းမှုကို အထောက်အပံ့ပေးရန် အီလွန်မက်စ်ဖွဲ့စည်းထားသော America PAC အုပ်စုအတွက် လက်မှတ်ရေးထိုးထား သူများထဲမှ ဒေါ်လာတစ်သန်းပေါက်သူကို ကျပန်းရွေးချယ်ခြင်းဖြစ်သည်။
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အီလွန်မက်က ဆိုပါပြိုင်ပွဲက အောက်တိုဘာ ၁၉ ရက်တွင် ပင်ဆဲလ်ဗေးနီးယားပြည်နယ်၌ ကြေညာခဲ့ခြင်းဖြစ်သည်။ ပင်ဆဲလ်ဗေးနီးယားပြည်နယ်သည် ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသော ပြည်နယ်ခုနစ်ခုထဲ တစ်ခုဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်ရန်အလို့ငှာ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသောပြည်နယ်များတွင် မှတ်ပုံတင်ထားရမည်ဟူသောလို အပ်ချက်ကြောင့် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် အခက်အခဲရှိနေသည်။
အီလွန်မက်စ်က ၎င်း၏ နိုင်ငံရေးဆိုင်ရာ အက်ရှင်ကော်မတီ America PAC ထံ အနည်းဆုံးဒေါ်လာ ၁၁၈ သန်းလှူဒါန်းထားပြီးဖြစ်သည်ဟုသိရသည်။ အဆိုပါကော်မတီသည် ရွေးကောက်ပွဲအတွက် ရန်ပုံငွေကောက် ခံသောကော်မတီဖြစ်သည်။
“အဲဒီပြိုင်ပွဲဟာ တရားရေးဌာနက တရားမရေးရာ ဒါမှမဟုတ် ပြစ်မှုရေးရာတို့နဲ့သက်ရောက်မယ့် အနေအထားဖြစ်နိုင်ပါတယ်”ဟု ရွေးကောက်ပွဲဥပဒေကျွမ်းကျင်သူ ဒန်နီရယ်လန်းက ပြောကြားသည်။ ၎င်းသည် ဂျော့တောင်း ဥပဒေကျောင်း၌ ပါမောက္ခ အဖြစ်ဆောင်ရွက်နေသူဖြစ်သည်။
“ငွေကိုလက်ခံရရှိသူတွေဟာ မဲပေးမယ့်သူတွေအဖြစ် မှတ်ပုံတင်ထားတဲ့ အခြေအနေမှာ အဲဒီလူတွေကို ငွေပေးတာဟာ တရားမဝင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
အီလွန်မက်စ်သည် ထရန့်၏ပင်ဆဲလ် ဗေးနီးယားမဲဆွယ်စည်းရုံးရေးပွဲကို လာရောက်ခဲ့ပြီး ထရန့်နှင့်အတူမဲဆွယ်ပေးခဲ့သည်။
Ref: AFP