၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆု ရရှိသူများကို ကြေညာ

၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆု ရရှိသူများကို ကြေညာ
Published 10 October 2024

နိုဘယ်ဆုရွေးချယ်ရေး ကော်မတီသည် ၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆုရရှိသူများကို  အောက်တိုဘာ ၇ ရက်ကစတင် ကြေညာခဲ့ပြီး အောက်တိုဘာ ၉ ရက်အထိ နိုဘယ်ဆု အမျိုးအစား သုံးမျိုးအတွက် ဆုရရှိသူများစာရင်းကို ကြေညာခဲ့ပြီးဖြစ်သည်။

အောက်တိုဘာ ၉ ရက်က ကြေညာခဲ့သည့် ဓာတုဗေဒ နိုဘယ်ဆုအတွက် သိပ္ပံပညာရှင်များဖြစ်သည့် ဒေးဗစ် ဘိတ်ကာ၊ ဒီမစ် ဟက်ဆာဘစ်နှင့် ဂျွန်ဂျမ်ပါတို့ သုံးဦးက ပူးတွဲရရှိခဲ့သည့် ပရိုတင်းများ၏ တည်ဆောက်ပုံကို လေ့လာခဲ့မှုအတွက် ထိုနိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ 

နိုဘယ်ဆုအတွက် ဆုကြေးငွေ ဒေါ်လာ ၁ ဒသမ ၁ သန်းအနက် ထက်ဝက်ကို ပရိုတင်းများ တီထွင်ဖန်တီးမှုကို လေ့လာခဲ့သည့် ဘိတ်ကာက ရရှိမည်ဖြစ်ပြီး ကျန်ထက်ဝက်ကို ပရိုတင်းများ တည်ဆောက်ပုံ ခန့်မှန်းမှုအတွက် ဟက်ဆာဘစ်နှင့် ဂျန်ပါတို့က ခွဲဝေရရှိမည် ဖြစ်သည်။

အောက်တိုဘာ ၇ ရက်ကလည်း ဆေးပညာနိုဘယ်ဆုအတွက် mRNA မော်လီကျူးကို ရှာဖွေတွေ့ရှိမှုအတွက် အမေရိကန် သိပ္ပံပညာရှင်များဖြစ်သည့် ဗစ်တာ အမ်ဘရိုစ်နှင့် ဂါရီ ရူဗ်ကန်တို့က ရရှိခဲ့သည်။

အောက်တိုဘာ ၈ ရက်တွင်မူ ရူပဗေဒနိုဘယ် ဆုအတွက် AI နည်းပညာကို သုတေသနလုပ်ခဲ့သည့် ဂျွန်ဟော့ဖီးလ်နှင့် ဂျီယော့ဖရေးတို့က ရရှိခဲ့ပြီး ကျန်ရှိနေသည့် နိုဘယ်ဆုများကိုလည်း ကြေညာသွားမည်ဟု နိုဘယ်ဆု ရွွေးချယ်ရေးကော်မတီက ပြောကြားခဲ့သည်။

Ref:AFP

                                              

Most Read

Most Recent