အော်စကာဆန်ခါတင်စာရင်းဝင် Perfect Days ရုပ်ရှင်သည် အိမ်သာများအကြောင်း ရိုက်ကူးထားခြင်းမဟုတ်ဟု ဂျာမန်ဒါရိုက်တာဝမ်ဒါ့စ် ပြောကြား

အော်စကာဆန်ခါတင်စာရင်းဝင် Perfect Days ရုပ်ရှင်သည် အိမ်သာများအကြောင်း ရိုက်ကူးထားခြင်းမဟုတ်ဟု ဂျာမန်ဒါရိုက်တာဝမ်ဒါ့စ် ပြောကြား
Published 18 February 2024

အော်စကာဆန်ခါတင်စာရင်းဝင် Perfect Days ရုပ်ရှင်သည် အိမ်သာများအကြောင်း ရိုက်ကူးပြသ ထားခြင်းမဟုတ်ဟု ဂျာမန်ဒါရိုက် တာဝင်းဝမ်ဒါ့စ်က ပြောကြားခဲ့သည်။

“ဥရောပမှာအိမ်သာတွေက ယဉ်ကျေးမှုရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းကို ဇာတ် အိမ်တည်ရိုက်ကူးထားတဲ့ ဂျပန်မှာတော့ ဒါက အထူးအဆန်းမဟုတ်နေပါဘူး”ဟု ဝမ်ဒါ့စ်က ဆိုသည်။

ရုပ်ရှင်၏ အဓိကဇာတ်ကောင်မှာ နာမည်ကျော် ဗိသုကာပညာရှင်များ ဒီဇိုင်းထွင်ထားသည့် တိုကျိုမြို့ လယ်ခေါင်ရှိ အိမ်သာများကို သန့်ရှင်းရေးလုပ်ရသော အိမ်သာသန့်ရှင်းရေးသမားတစ်ဦး ဖြစ်သည်။

သူသည် ၎င်း၏ အလုပ်နှင့် ၀ါသနာနှစ်ရပ်လုံးကို စေ့စေ့စပ်စပ် လုပ်ကိုင်သူတစ်ဦးဖြစ်သော်လည်း နေ့ရက်များ ကြာလာသည်နှင့်အမျှ ၎င်း၏အခြေအနေ ရှုပ်ထွေးမှုပိုမို ထင်ဟတ်လာကာ မြို့ပြ၏အထီးကျန်မှု၊ အသိုင်းအဝိုင်းနှင့် အသက်ကြီးပြင်းလာမှုတို့ကို ဖော်ပြထားသည်။

၎င်း၏ဝေဖန်သူများက ထိုရုပ်ရှင်သည် အိမ်သာများအကြောင်း ရိုက်ကူးထားခြင်းမဟုတ်သည်ကို သိ ရှိနားလည်ထားသည်ဟု ဝမ်ဒါ့စ်က ဆိုသည်။

“ဒါပေမဲ့ အိမ်သာတွေက ဒီရုပ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။အိမ်သာတွေဟာ ဂျပန်တွေရဲ့ ကြိုဆိုမှု တစ် စိတ်တစ်ပိုင်း ဖြစ်တဲ့အပြင် ကျွန်တော်တို့အားလုံး လူသားတွေရဲ့ လိုအပ်ချက်အတွက် လေးစားသမှု ခံစား ချက်တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

Perfect Days သရုပ်ဆောင် ကိုဂျီယာကူရှိုသည် ၎င်း၏သရုပ်ဆောင် ပီပြင်မှုအတွက် ကိန်းရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီးနောက် ယင်းရုပ်ရှင်သည် မတ် ၁၀ ရက်တွင်ပြုလုပ်မည့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်ဆုအတွက် ဆန်ခါတင် စာရင်းဝင်ထားသည်။

ဂျပန်အဝတ်အထည်လုပ်ငန်းစု Uniqlo တည်ထောင်သူ ဘီလျံနာသူဌေးကြီး၏သားဖြစ်သူ ကိုဂျီယာနိုင်းက တိုကျိုအိမ်သာ ပရောဂျက်ကို လေ့လာရန် ဝမ်ဒါ့စ်ကို ဖိတ်ကြားခဲ့ကာ စိတ်ကူးယဉ်မဟုတ်သည့် ဇာတ် လမ်းတိုများကို ဖန်တီးရန် မျှော်လင့်ထားခဲ့သည်။

အိမ်သာအမျိုးအစား ၁၇ ခုကို လေ့လာခဲ့ပြီးနောက် ဒါရိုက်တာက ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။

“ဂျပန်မှာ တာဝန်ယူတတ်တဲ့ စိတ်ကို လေးစားတဲ့အနေနဲ့ အခြားသူတွေကို ပြောပြဖို့ ဇာတ်လမ်းကြီး တစ်ခုရှိသွားပြီဆိုတာကို ကျွန်တော် သတိထားမိခဲ့ပါတယ်”ဟုဝမ်ဒါ့စ်က ဆိုသည်။ Perfect Days သည် ဂျပန် ဒါရိုက်တာမဟုတ်သည့် ဒါရိုက်တာတစ်ဦး ရိုက်ကူးထားသော ဂျပန်၏ ပထမဆုံးအော်စကာ ဆန်ခါတင်ဆု စာရင်းဝင် ရုပ်ရှင်ဖြစ်လာခဲ့သည်။     

Most Read

Most Recent