ဘာလင်ရုပ်ရှင်ပွဲတော်က လက်ယာစွန်း နိုင်ငံရေးသမားငါးဦးကို ဖိတ်ကြားခြင်းမပြုရန် ဆုံးဖြတ်

ဘာလင်ရုပ်ရှင်ပွဲတော်က လက်ယာစွန်း နိုင်ငံရေးသမားငါးဦးကို ဖိတ်ကြားခြင်းမပြုရန် ဆုံးဖြတ်
Published 11 February 2024

လာမည့်သီတင်းပတ်တွင် စတင်ဖွင့်လှစ်ကျင်းပမည့် ရုပ်ရှင်ပွဲတော်သို့ လက်ယာစွန်းနိုင်ငံရေးသမား ငါးဦးကို ဖိတ်ကြားခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဘာလင်ရုပ်ရှင်ပွဲတော်က ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

ပြည်သူ့ရန်ပုံငွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် မှီခိုအားထားရသော Berlinale ပွဲတော်သည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြုလုပ်မည့် အခမ်းအနားသို့ Alternative for Germany (AfD)မှ ကိုယ်စားလှယ်များကို တက်ရောက်ခွင့် ပိတ်ပင်တားမြစ်ရန် ဖိအားများကို အစောပိုင်းက ငြင်းဆိုခဲ့သည်။

ယင်းကိုယ်စားလှယ်များတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသော တာဝန်ရှိသူများ ပါဝင်နေသည်ဟုဆိုကာ ငြင်းဆိုထားခြင်းဖြစ်သည်။

သို့သော် ပွဲတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသော ရုပ်ရှင်ကျွမ်းကျင်သူ ၂၀၀ ကျော်ထံမှအိတ် ဖွင့်ပေးစာအပါအဝင် ယဉ်ကျေးမှုကဏ္ဍတွင် အပြင်းအထန် ဆွေးနွေးခဲ့ပြီးနောက် ဆုံးဖြတ်ချက်ကိုပြောင်း လဲလိုက်သည်ဟု ဆိုသည်။

“ဒီနေ့(ဖေဖော်ဝါရီ ၈ ရက်)မှာတော့ Berlinale ရဲ့ ဒါရိုက်တာတွေက အစောပိုင်းက ဖိတ်ကြားထားတဲ့ AfD နိုင်ငံရေးသမားငါးဦးကို မဖိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။

Berlinale ပွဲတော်တွင် ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ကားပေါင်းရာချီကို မိတ်ဆက်ပြသသည့် ပွဲတော်ဖြစ်ကာ A-list စာရင်းဝင်အနုပညာရှင်များကို ဆွဲဆောင်ထားပြီး နိုင်ငံတကာ ရုပ်ရှင်ပညာရှင်များ၏ လေးစားမှုကို ရရှိထားသည့် ပွဲတော်ဖြစ်သည်။

“လက်ယာစွန်းရောက် ဧည့်သည်တွေနဲ့ပတ်သက်ပြီး ရုတ်ရုတ်သဲသဲဖြစ်တာဟာ လွတ်လပ်ပြီး သည်းခံနိုင်တဲ့ လူ့အဖွဲ့အစည်းအတွက် ကတိကဝတ်တွေနဲ့ လက်ယာစွန်းရောက်ဝါဒကို ဆန့့်ကျင်တဲ့ ရပ်တည်မှုဟာ Berlinale ရဲ့ DNZ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေခဲ့ပါတယ်”ဟု ပွဲစီစဉ်သူများက ဆိုသည်။

AfD အဖွဲ့ဝင်များသည် လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်များနှင့် အစုလိုက်အပြုံလိုက် ပြည်နှင် ဒဏ်ပေးခြင်း၊လိင်တူချစ်သူများ၊ ရန်လိုသော သဘောထားနှင့် လူမျိုးရေး ခွဲခြားသည့် မှတ်ချက်များအတွက် ရပ် တည်နေခဲ့သည်။

ရွှေ့ပြောင်းအခြေချသူများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည့် အစီအစဉ်များအကြောင်း AfD အဖွဲ့ဝင်များက ဆွေးနွေးနေသည်ဟု လွန်ခဲ့သည့်လက ထုတ်ဖော်ပြောကြားမှုကြောင့် လတ်တ လောသီတင်းပတ်များအတွင်း လူပေါင်းသန်းချီ ဆန့်ကျင်ဆန္ဒပြနေကာ ယင်းပါတီကို တားမြစ်ပိတ်ပင် သင့်၊မသင့် ငြင်းခုန်ဆွေးနွေးမှုများ ထွက်ပေါ်လျက်ရှိသည်။

AfD ကိုယ်စားလှယ်များအနေဖြင့် ဘာလင်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာမည်ဆိုရင် ပွဲတော်ဖွင့် လှစ်သည့် အပြင်ဘက်၌ ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဟု အရပ်ဘက်အဖွဲ့များက ခြိမ်းခြောက်ပြောကြားခဲ့သည်။

Most Read

Most Recent