တေလာဆွစ် ဂျက်လေယာဉ်ဖြင့် ခရီးသွားလာမှုများကို ခြေရာခံနေသည့် ကောလိပ်ကျောင်းသားတစ်ဦးအား ဆွစ်၏ရှေ့နေအဖွဲ့က သတိပေး

တေလာဆွစ် ဂျက်လေယာဉ်ဖြင့် ခရီးသွားလာမှုများကို ခြေရာခံနေသည့် ကောလိပ်ကျောင်းသားတစ်ဦးအား ဆွစ်၏ရှေ့နေအဖွဲ့က သတိပေး
Photo:New York Post
Photo:New York Post
Published 7 February 2024

တေလာဆွစ် ဂျက်လေယာဉ်ဖြင့် ခရီးသွားလာမှုများအား ခြေရာခံကာ ဆိုရှယ်မီဒီယာတွင် ဖော်ပြနေသည့် ဖလော်ရီဒါပြည်နယ်မှ ကောလိပ်ကျောင်းသား ဂျက်ဆွီနီဆိုသူအား ဆွစ်၏ရှေ့နေအဖွဲ့က တရားဝင်သတိပေးစာ ပေးပို့ခဲ့သည်။

ဂျက်ဆွီနီက တေလာဆွစ်၏ ရှေ့နေအဖွဲ့ထံမှ သတိပေးစာရထားကြောင်း၊ဆွစ်၏လေ ယာဉ်ခရီးစဉ်များနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် ဖော်ပြနေခြင်းကို ရပ်ရန်စာထဲတွင် တောင်းဆိုထားကြောင်း ဖေဖော်ဝါရီ ၆ရက်တွင် CNN သို့ပြောသည်။၎င်းသည် အနုပညာရှင်များ ၊ ထင်ပေါ်ကျော်ကြားသူများ၏ ဂျက်လေယာဉ်ဖြင့် ခရီးသွားလာမှုများကို စောင့်ကြည့်နေသည့် ဆိုရှယ်မီဒီယာအကောင့်များကို ကိုင်တွယ်နေသူဖြစ်သည်။

ဘီလျံနာအီလွန်မတ်စ် ဂျက်လေယာဉ်ဖြင့် သွားလာမှုများကို ခြေရာခံဖွင့်ချခဲ့သည့် အတွက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာတွင် မတ်စ်က  ၎င်းနှင့်၎င်းမိသားစု၏ လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟုဆိုကာ ဆွီနီ၏ @ElonJet ဆိုသည့်အကောင့်ကို ဖြုတ်ချလိုက်ရသည်။

နောက်ပိုင်း X လူမှုကွန်ရက်ကို ဆွီနီက ပြန်သုံးခွင့်ရခဲ့သည်။မက်ခ်ဇူကာဘတ်၊ ဘီလ်ဂိတ်စ်နှင့် အခြားနာမည်ကျော်ပုဂ္ဂိုလ်များ၏  သီးသန့်ဂျက်လေယာဉ်ဖြင့် သွားလာမှုများကို ခြေရာခံသည့် အကောင့်များလည်း ၎င်းတွင် ရှိသည်။တင်သည့်ပို့စ်များတွင် ခရီးစဉ်တစ်ခုချင်း၏ ကာဗွန်ထွက်ရှိမှုကိုလည်း ဆွီနီက ခန့်မှန်းဖော်ပြလေ့ရှိသည်။

ပြီးခဲ့သည့်ဒီဇင်ဘာတွင် ဆွီနီထံသို့ ဆွစ်၏ရှေ့နေအဖွဲ့က ပေးပို့ခဲ့သည့် သတိပေးစာတွင် ဆွီနီ၏ အတိအကျဖွင့်ချမှုများက ဆွစ်၏ ဘေးကင်းလုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဆွစ်သည် ဆယ်ကျော်သက်အရွယ်ကတည်းက ချောင်းမြောင်းနှောင့်ယှှက်သူများ၊ အန္တရာယ်ပေးလိုသူများနှင့် ကြုံခဲ့ရကြောင်း၊ ဆွစ် အိမ်အထိရောက်လာသူအချို့က လက်နက်များပင် ပါကြောင်း၊ဆွစ်၏တည်နေရာအချက် အလက်များကို ဖွင့်ချလိုက်ခြင်းက လူဆိုးများကို လမ်းညွှန်ပေးလိုက်ခြင်းပင်ဖြစ်ကြောင်း၊  ဆွစ်၏သေရေးရှင်ရေးနှင့် ပတ်သက်နေသည့်အတွက် ဂျက်ဆွီနီဘက်က လုပ်ရပ်ကို မရပ်တန့်ပါက ဥပဒေအရသာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း စာထဲတွင် သတိပေးထားသည်။ ကာဗွန်ထွက်ရှိမှုနှင့်ပတ်သက်ပြီး ဆွစ်ကို မီဒီယာအချို့၊အဖွဲ့အစည်းအချို့က ဝေဖန်ခဲ့ကြပြီးနောက် ဂျက်ဆွီနီထံသို့ ရှေ့နေအဖွဲ့က သတိပေးစာပို့လိုက်ခြင်းဖြစ်သည်။

Most Read

Most Recent