ရှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်းကြောင့် ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားလာသည့်အပြင် နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်းကြောင့် ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားလာသည့်အပြင် နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Published 7 February 2024

ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်းကြောင့် ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားလာသည့်အပြင် နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သော ၇၇ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်မနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေးအ ရယူမည့် သဘာတူဆုံးဖြတ်ချက်များကို ဆုံး ဖြတ်ချမှတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့ ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့ကို ကျင်းပပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ကိုလိုနီ လက်အောက်တွင် ဖိနှိပ်အုပ်ချုပ်မှုကို ရှမ်း တိုင်းရင်းသားများ အပါအဝင် နိုင်ငံနှင့်အဝန်း တိုင်းရင်းသားပြည်သူအားလုံးက မျိုးချစ်စိတ် ဓာတ်ဖြင့် အသက်သွေးချွေးများစွာ ပေးဆပ် တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့ သော်လည်း သွေးခွဲအုပ်ချုပ်သည့် အမွေဆိုး ကြောင့် ပြည်ထောင်စုအတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပြိုကွဲကာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ယနေ့အထိ ဖြစ် ပွားလျက်ရှိကြောင်း၊ အထူးသဖြင့် ရှမ်းပြည် နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေ ခြင်း၊ တိုက်ပွဲများဖြစ်နေခြင်း၊ ဆူပူအကြမ်း ဖက် ဖျက်ဆီးနှောင့်ယှက် တိုက်ခိုက်မှုများ ကြောင့် ဒေသခံ တိုင်းရင်းသားပြည်သူများ ဒုက္ခများစွာ ခံစားနေကြရကြောင်း၊ ထို့အပြင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးပါ ပျက်ပြားလာသည့်အပြင် နိုင်ငံ အတွက်ပါ အန္တရာယ်ရှိလာနိုင်သည်ကို အား လုံးက သိရှိလက်ခံကာ စဉ်းစားသုံးသပ်ကြရန် လိုပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြား သည်။

သောင်းကျန်းသူများသည် ၎င်းင်းတို့အ ကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက်နေ ရုံသာမက ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ စေတီပု ထိုးများ အပါအဝင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အအုံ စသည်တို့ကိုပါ ဖျက်ဆီးခြင်းသည် ဒေသခံပြည်သူများ ဆင်း ရဲဒုက္ခများစွာ ဖြစ်ပေါ်စေလျက်ရှိခြင်းကြောင့် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည် သူအပေါင်းတို့အနေဖြင့် တည်ငြိမ်အေးချမ်း ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖြစ်ထွန်းလာ အောင် အလေးအနက်ထား စဉ်းစားဆောင် ရွက်သင့်သည့် အချိန်ကာလဖြစ်ကြောင်းနှင့် နောက်ကျလျှင် နောက်ကျသလောက် အ ကျိုးယုတ်နိုင်ပြီး နိုင်ငံအတွက် အန္တရာယ်ရှိ သည်ကို သတိပြုရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေး၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးတို့ကို အလေးထား ကြိုးပမ်းလျက်ရှိ ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား လူမျိုးများ အားလုံးတို့သည် အချင်းချင်း သွေး မကွဲကြဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ် ဦးနှင့် တစ်ဦး နားလည်ခွင့်လွှတ်မှု၊ ရိုင်းပင်းကူ ညီမှုတို့ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို ဖော် ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ သည် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက် ထားသည့် နိုင်ငံဖြစ်၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အဓိကကျပြီး တိုင်းရင်း သားအချင်းချင်း စည်းလုံးညီညွတ်စေရန် အတွက် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံး သည် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြရေး ပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြား သည်။

နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လက် နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှု အားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်း ရင်းသားပြည်သူအားလုံး အတိဒုက္ခရောက် ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူ အားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့် ပြည်သူကို ကာကွယ် စောင့်ရှောက်ပေးကြရန်၊ နိုင်ငံ၏ အနာဂတ် ဖြစ်သော လူငယ်မျိုးဆက်သစ်များကို တန်ဖိုးမြင့် မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်လည်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent