PNLO အနေဖြင့် နိုင်ငံရေးလိုလားချက်များကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းအားဖြင့် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အစိုးရနှင့်အတူ ဆက်လက်လက်တွဲဖော်ဆောင်ရန် NSPNC တိုက်တွန်း

PNLO အနေဖြင့် နိုင်ငံရေးလိုလားချက်များကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းအားဖြင့် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အစိုးရနှင့်အတူ ဆက်လက်လက်တွဲဖော်ဆောင်ရန် NSPNC တိုက်တွန်း
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲနယ်တောင်၊ စံဖူးကျေးရွာတွင် နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ် 
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲနယ်တောင်၊ စံဖူးကျေးရွာတွင် နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ် 
Published 28 January 2024

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့အနေဖြင့် နိုင်ငံရေး လိုလားချက်များကို တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေ ရှာခြင်းအားဖြင့် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အစိုးရနှင့်အတူ ဆက်လက် လက်တွဲဖော်ဆောင်ပါရန် ဇန်နဝါရီ ၂၇ ရက် က ထုတ်ပြန်ခဲ့သည့် အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိ နှိုင်းရေးကော်မတီ (NSPNC) ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထုတ်ပြန်ချက်တွင်  ဇန်နဝါရီ ၂၁ ရက်က ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ် စံဖူး ကျေးရွာ၌ (PNLO) ယူနီဖောင်း ဝတ်ဆင်သူ များ သယ်ဆောင်လာသည့် တရားမဝင်လက် နက်၊ ခဲယမ်းများ သိမ်းဆည်းရမိသည့် ဖြစ်စဉ် နှင့်စပ်လျဉ်း၍ PNLO အနေဖြင့် လက်နက်ခဲ ယမ်းများ သယ်ဆောင်ခြင်းသည် NCA ပါ သဘောတူညီချက်များနှင့် ဆန့်ကျင်ပြီး ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသဖြင့် NCA ပါ သဘောတူညီချက်များအား အလေး ထားလိုက်နာဆောင်ရွက်ရန်နှင့် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး လက်အောက်ခံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအား အထူးအလေးထား စစ်ဆေးကြပ်မတ်ထိန်း သိမ်းပါရန် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီက ဇန်နဝါရီ ၂၃ ရက်တွင် PNLO အဖွဲ့ထံရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးကိုရှေးရှုလျက် သတိပေးအကြောင်းကြား ခဲ့ပြီးဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။

ဆက်လက်၍ ယခုအခါ PNLO အဖွဲ့ သည် လူမှုကွန်ရက်မီဒီယာများ၌ ဇန်နဝါရီ ၂၆ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်း ဖြင့် ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကိုမျက်ကွယ်ပြု၍ ပဋိပက္ခ ကို ဦးတည်သည့် သဘောထားရပ်တည်ချက် များ၊ အစိုးရဆန့်ကျင်လှုပ်ရှားမှုများကို အား ပေးထောက်ခံသည့် ရေးသားဖော်ပြချက်များ ထုတ်ပြန်ထားကြောင်း စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

PNLO အဖွဲ့အနေဖြင့် ပြည်သူလူထုအ ကျိုးကို လက်တွေ့ကျကျ မျှော်တွေးသုံးသပ်ပြီး နိုင်ငံရေးလိုလားချက်များကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဖြင့် NCA ကို အခြေခံ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်း ရေးအထောက်အကူပြု ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအား နိုင်ငံတော်အစိုးရနှင့်အတူ ဆက် လက်လက်တွဲဖော်ဆောင်ပါရန် ငြိမ်းချမ်းရေး ရည်သန်စိတ်ဖြင့် အလေးအနက်ထား တိုက် တွန်းကြောင်းလည်း အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိ နှိုင်းရေးကော်မတီက ဆိုသည်။

နိုင်ငံတော်အစိုးရသည် တွေ့ဆုံဆွေးနွေး ခြင်းနည်းလမ်းဖြင့် အဖြေရှာရန် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ ပြီး ကောင်းမွန်သောရလဒ်များနှင့် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီ ချက်များရရှိခဲ့သည့်အပြင် ယခုအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထား ဆဲဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြ ပါရှိသည်။

ထို့ပြင် ထိပ်တိုက်ရင်ဆိုင်သည့် နည်း လမ်းကို ရှောင်ဖယ်၍ မိမိတို့၏ သဘောထား ဆန္ဒ၊ လိုလားချက်များကို ငြိမ်းချမ်းရေးစားပွဲ ဝိုင်း၌ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းသည်သာ လျှင် လမ်းကြောင်းမှန်ဖြစ်ကြောင်း အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရ သည်။

Most Read

Most Recent