Parasite မင်းသား လီဆန်းဂျွန် ချန်ခဲ့သည့်သေတမ်းစာထဲတွင် အခြားနည်းလမ်းမရှိတော့ဟု ဇနီးဖြစ်သူကို ပြောထားခဲ့

Parasite မင်းသား လီဆန်းဂျွန် ချန်ခဲ့သည့်သေတမ်းစာထဲတွင် အခြားနည်းလမ်းမရှိတော့ဟု ဇနီးဖြစ်သူကို ပြောထားခဲ့
Published 28 December 2023

အော်စကာဆုရ တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကား Parasite တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အသက် ၄၈ နှစ်အရွယ်ရှိမင်း သားလီဆန်းဂျွန် ဒီဇင်ဘာ ၂၇ ရက်က နေအိမ်တွင်ချန်ထားခဲ့သည့် သေတမ်းစာထဲတွင် အ ခြားနည်းလမ်းမရှိတော့ဟု ဇနီးသည်ကိုပြောထားခဲ့သည်။

ကိုရီးယားသတင်းများအရ လီသည်သေကြောင်းကြံမည့်ပုံစံမျိုးနှင့် စာတစ်စောင်ချန်ထားခဲ့ပြီး အိမ်မှထွက်သွားကြောင်း ရဲတပ်ဖွဲ့က  ဒီဇင်ဘာ ၂၇ ရက်၊ မနက် ၁၀ နာရီ ၁၂ မိနစ် ဝန်းကျင်တွင် သတင်းရခဲ့သည်။ထို့နောက် မနက် ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် လီကို ဆိုးလ်ရှိ Waryong Park ဥယျာဉ်အတွင်း ကားတစ်စီးထဲ၌ သတိလစ်လျက်တွေ့ခဲ့ကြသည်။ကားထဲတွင် မီးသွေးတောင့်တွေ့ခဲ့သည် ဟုလည်း သတင်းများတွင်ဖော်ပြကြသည်။

ထိုနေ့နှောင်းပိုင်းတွင် ကိုရီးယားမီဒီယာတစ်ခုက သေတမ်းစာပါအကြောင်းအရာအချို့ကို ဖော်ပြခဲ့ပြီး စာထဲတွင် လီဆန်းဂျွန်က ဇနီးဂျန်ဟေဂျင်းအား “ငါမတတ်နိုင်တော့ဘူး။ ငါ့မှာတစ်ခြားနည်းလမ်းမရှိတော့ဘူး”ဟုရေး ထားခဲ့သည်။ထို့ပြင်စာထဲတွင် သူ့ကြောင့် Hodu& U Entertainment အေဂျင်စီနစ်နာ ဆုံးရှုံးခဲ့ရသည်များအတွက် အေဂျင်စီ၏စီအီးအိုကိုလည်း လီဆန်းဂျွန်က တောင်းပန်ထားသည်။လီ၏စျာပနကို ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပမည်။

လီသည် အောက်တိုဘာကတည်းက မူးယစ်ဆေးသုံးမှုသံသယဖြင့် စစ်ဆေးခံထားရ သူဖြစ်သည်။ဆိုးလ်ရှိ နာမည်ကျော်ဘားတစ်ခုတွင် အလုပ်လုပ်သည့် ဧည့်ကြိုမိန်းကလေးတစ်ဦး၏အိမ်တွင် မူးယစ်ဆေးများသုံးနေ သည်ဆိုသည့်သတင်းကြောင့် ရဲတပ်ဖွဲ့၏စစ်ဆေးမှုကို သုံးကြိမ်ခံခဲ့ရသည်။လီက မူးယစ်ဆေးများသုံးမိအောင် ယင်းဧည့်ကြိုက သူ့ကိုပရိယာယ်ဆင်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။လီသည်  နိုဝင်ဘာတွင် ဆေးနှစ်ကြိမ် အစစ်ခံခဲ့ရာ အဖြေ negative သာ ပြခဲ့သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် သူ့ကိုရော၊ ဧည့်ကြိုကိုပါ lie detector စစ်ဆေးမှုပြုလုပ်ရန် လီက တောင်းဆိုသွားသည်။မူးယစ်ဆေးမှုကြောင့် လီသည် ကြော်ငြာနှင့်ဇာတ်ကား စသည့်ပူးပေါင်းမှုများ ဖျက်သိမ်းလိုက်ရသဖြင့် အေဂျင်စီဘက်တွင် ဝမ် ၁၀ ဘီလျံခန့် နစ်နာခဲ့ရသည်။

 ဒါရိုက်တာဘွန်ဂျွန်ဟိုရိုက်ကူးပြီး လီပါ ဝင်သည့် ၂၀၁၉  ရုပ်ရှင် Parasite  သည် ၂၀၂၀ အော်စကာဆုပေးပွဲတွင် ဆုလေးဆု ဆွတ်ခူးခဲ့ပြီး လီ ပါဝင်သည့် Marry My Husband ဇာတ်လမ်းတွဲကို tvN ­­ရုပ်သံမှ မပြရသေးပေ။

Most Read

Most Recent